ညောင်ချဉ်ဖတ်

Share this on:

ညောင်ချဉ်ဖတ်သည် ဂျီသားချဉ် (သို့) အမဲချဉ်လိုလို တူပါသည် ။

1

 

ပါဝင်ပစ္စည်းများ

  • ညောင်ချဉ်ဖတ်
  • ရှမ်းဆန်
  • ဆား - အနည်းငယ်
  • ဟင်းချိုမှုန့် - အနည်းငယ်
  • ဌက်ပျောဖက်
  • နှီး
  • ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် - အနည်းငယ်
  • အရောင်တင်မှုန့် - အနည်းငယ်
  • ငရုတ်သီးစိမ်းအတောင့်ရှည် အနီ - ၅ တောင့် ( ၂ပိုင်း ပိုင်းထားပါ)
  • နံနံပင် - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ကြက်သွန်ဖြူ (အခွံခွာထားပါ)

(ညောင်ချဉ်ဖတ် ပြုလုပ်နည်း)

  1. ညောင်ချဉ်ဖတ်ကို ရေဆေးပြီး တောက်တောက်စင်းထားပါ ။
  2. ရှမ်းဆန်ကို ချက်ပြီး ထမင်းကို အအေးခံထားပါ ။
  3. ပြီးလျင် ငှက်ပျောဖက်ထဲ ထည့်ပြီး နှီးနဲ့ ချည်ပြီး ၂ရက်လောက် အခန်းအပူချိန်တွင် ထားပါက စားရ်ျ ရသည့် ညောင်ချဉ်ဖတ်ကို ရပါပြီ ။
  4. (ညောင်ချဉ်ဖတ် ချက်နည်း)
  5. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ကြက်သွန်နီ ၊ နနွင်းမှုန့် အရောင်တင်မှုန့် ဆီသတ်ပါ ။
  6. ဆီသတ်နံ့ မွှေးလာလျင် အရောင်တင်မှုန့် နှင့် ဆားကို ထည့်ပါ ။
  7. ပြီးလျင် ညောင်ချဉ်ဖတ် ၊ ပိုင်းထားသောငရုတ်သီးစိမ်းအတောင့်ရှည် အနီများ နှင့် ဟင်းချိုမှုန့် အနည်းငယ်ကို ထည့်ရ်ျ ကြက်သွန်နီဆီသတ်နှင့် နှံ့စပ်အောင် ကြော်ပါ ။
  8. အရသာ အပေါ့အငံမြည်းရ်ျ နံနံပင်ကို အုပ်ရ်ျ ကြက်သွန်ဖြူ နှင့်တွဲဖက်ရ်ျ သုံးဆောင်နိုင်ပါပြီ ။
Credit: Phyu Phyuhnin

Review

User Rating

5 (2 Votes)