ညောင်ချဉ်ဖူးသုပ်

Share this on:

ရာသီဥတု ပူပြင်းတာကြောင့် ခံတွင်းလိုက်စေမယ့် အရာလေးတွေကို ရွေးချယ် ချက်ပြုတ်မိပါတယ် ။

ပါဝင်ပစ္စည်းများ

  • ညောင်ချဉ်ဖူး ၃ ဗူး (နို့ဆီဗူး)
  • ကြက်သွန်ဖြူ ၁၀ တက်
  • ကြက်သွန်နီ ၂ လုံး
  • ဆီ လိုအပ်သလို
  • နနွင်းမှုန့် အနည်းငယ်
  • မြေပဲလှော် ၅ ဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့်
  • ငရုတ်လှော်မှုန့် အနည်းငယ်
  • ဆား
  • ဟင်းခတ်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. လတ်ဆတ်တဲ့ ညောင်ချဉ်ဖူးတွေရမယ်ဆိုရင်တော့ အဖန်ဓာတ်တွေ ကုန်သွားသည်အထိ (၂)ရည်(၃)ရည်ခမ်းအောင် ပြုတ်ပေးရပါမယ် ။
  2. ဈေးထဲက ပြုတ်ပြီးသားအဆင်သင့်ရရင်တော့ (၁)ရည်လောက် ပြုတ်ပေးပါ ။ ပြုတ်ပြီးသား ညောင်ချဉ်ဖူးတွေကို ရေစင်နေအောင် စစ်ထားပါ ။
  3. ကြက်သွန်နီ ၊ ဖြူ တို့ကို နနွင်းမှုန့်အနည်းငယ်နှင့်အတူ ဆီချက်ပြုလုပ်ပါ ။
  4. မြေပဲလှော်ကို မညှက်တညှက် ထောင်းပါ ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ ။
  5. ရေစင်အောင်စစ်ထားတဲ့ ညောင်ချဉ်ဖူးတွေကို ရေကုန်သည်အထိ ညှစ်ချပါ ။ ငရုတ်ဆုံထဲ မွရုံလေးထည့်ပြီး ထောင်းပါ ။ မွရုံလေးဖြစ်နေတဲ့ ညောင်ချဉ်ဖူးတွေကို ဓားနှင့် ခပ်ပါးပါး လှီးဖြတ်ပါ ။
  6. ဇလုံတစ်ခုထဲမှာ ညောင်ချဉ်ဖူးတွေထည့်ပြီး ကြက်သွန်နီ ၊ ဖြူဆီချက် ၊ မြေပဲထောင်း ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ ငရုတ်သီးစိမ်း ၊ ငရုတ်လှော်မှုန့် (နှစ်သက်ပါက ပုစွန်ခြောက်မှုန့်အနည်းငယ်ထည့်နိုင်) တို့နှင့်အတူ ရောပြီး ခပ်ဖွဖွလေး နယ်ပေးပြီး နှမ်းလှော် ဖြူးပြီး အလှဆင်ပေးပါ ။
ပူပြင်းတဲ့ ရာသီမှာ ခံတွင်းလိုက်စေမယ့် ချို၊ချဉ် ၊ စိမ့်တဲ့ ညောင်ချဉ်ဖူးသုပ် ရပါပြီး ။

Credit: ဟင်းချက်နည်းများ

Review

User Rating

5 (1 Votes)