ပါဝင်ပစ္စည်းများ

ဟင်းရည်ကြည် (တောင်ငူမုန့်ဟင်းခါးရေကျဲ ချက်နည်း-Recipe တွင်ကြည့်ပါ။)
တောင်ငူမုန့်ဖတ်
ခရမ်းချဉ်သီး
ပဲသီး
ကောက်ညှင်းဆန်လှော်မှုန့်
ငြုပ်သီးမှုန့်
ပဲကပ်ကြော်
ကြက်သွန်ဖြူ ဆီချက်

ပြုလုပ်နည်း

ပန်းကန်ထဲတွင် မုန့်ဖတ်၊ ခရမ်းချဉ်သီးပါးပါးလှီး၊ ပဲသီး၊ နံနံပင်၊ ကောက်ညှင်းဆန်လှော်မှုန့်၊ ငြုပ်သီးမှုန့် ၊ ပဲကြော်၊ ကြက်သွန်ဖြူ ဆီကျက် ထဲ့ပြီး ဟင်းရည်ကြည် (တောင်ငူမုန့်ဟင်းခါးရေကျဲ) အနည်းငယ်ထဲ့ အရသာထဲ့ပြီး စေးစေးလေး သုပ်ပါတယ်။

Credit: Eric Moon