တောင်ငူ မုန့်ဟင်းခါး ရေကျဲ

Share this on:

တောင်ငူ မုန့်ဟင်းခါး ရေကျဲ အသုပ် နဲ့ ရေဖျော်ပါ ။

  • ငါးခူ (သို့) ငါးကျီး
  • စပလင်
  • နနွင်း
  • ငံပြာရည်
  • ဆား
  • ကြက်သွန်ဖြူ ဘတ်လတ်ထောင်း
  • ကြက်သွန်နီ
  • ဂျင်းအနည်းငယ်
  • ကောက်ညှင်းဆန်လှော်
  • ဆီ
  • ခရမ်းချဉ်သီး
  • ပဲသီး
  • နံနံပင်
  • ငြုပ်သီးမှုန့်
  • ပဲကြော်
  •  တောင်ငူမုန့်ဖတ်

ပြုလုပ်နည်း

  1. တောင်ငူ မုန့်ဟင်းခါး ရေကျဲ ။
  2. ငါးခူ (သို့) ငါးကျီး ကို စပလင် ၊ နနွင်း ၊ ငံပြာရည် ၊ ဆား ထဲ့ ပြုတ်ပါတယ် ။
  3. ငါးကို အသားနွှင် ၊ အရိုးကိုထောင်း ရေဖျော်၊ ဇကာနဲ့ စစ်ထားပါတယ် ။ ( အရည်မည်းတဲ့ အကြောင်းအရင်းပါ)
  4. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ဘတ်လတ်ထောင်း ၊ ဂျင်းအနည်းငယ် နဲ့ ဆီပါလေကာ နဲ့ ဆီသတ်ပါ ။
  5. ပြီးလျှင် ကြက်သွန်နီ ဥသေး ခွာပြီး ထဲ့ပါတယ် ။
  6. ဆန်လှော်ထောင်း ဟင်းရည် အရမ်း ပွက်ရင် လိုတဲ့ အရသာ အနည်းငယ် ထည့်ပါတယ် ။ အရသာမြည်းပြီး ဟင်းရည်အိုး ရပါပြီ ။
  7. မုန့်ဖတ်ထဲ့ ၊ ခရမ်းချဉ်သီးပါးပါးလှီး ၊ ပဲသီး ၊ နံနံပင် ၊ ကောက်ညှင်းဆန်လှော်မှုန့် ၊ ငြုပ်သီးမှုန့် ၊ ပဲကြော်ချေထဲ့ ၊  ကြက်သွန်ဖြူ ဆီချက်ထဲ့၊ အရသာထဲ့ ၊ ဟင်းရည် ထဲ့ပါတယ်။  တောင်ငူ မုန့်ဖတ်က အနည်းငယ် အလုံး တုတ်ပါတယ် ။
တောင်ငူမုန့်တီသုပ် - မုန့်ဖတ်ထဲ့ ၊ ခရမ်းချဉ်သီးပါးပါးလှီး ၊ ပဲသီး  ၊ နံနံပင် ၊ ကောက်ညှင်းဆန်လှော်မှုန့် ၊ ငြုပ်သီးမှုန့် ၊ ပဲကြော်ချေထဲ့ ၊ ဟင်းရည်ကြည် အနယ်ငယ်ထဲ့ ၊အရသာထဲ့ ၊  ကြက်သွန်ဖြူ ဆီချက်ထဲ့ စေးစေးလေး သုပ်ပါတယ် ။ ကောက်ညှင်း ဆန်လှော်မှုန့် နှင့်  ပဲကပ်ကြော်( တောင်ငူက မှာပါတယ်) (ချက်နည်း ကွဲပြားမှု့များ ရှိနိုင်ပါသည် ။ တတ်သလောက် မှတ်သလောက်နဲ့ အိမ်က ပြောပြသလောက်ဖြင့် ချက်ပါတယ် ။ ) ဟင်းရည်ထဲမှာ ကြိုက်တတ်လို့ အစုံ ထဲ့စားတာပါ ။

Credit: Ericmoon‬

Review

User Rating

4.3 (3 Votes)