အပြေးအလွှား ချက်ရတဲ့ တောဟင်းလေးပေမဲ့လည်း စားလို့ကောင်းလို့ ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်
  • ခရမ်းသီးအသေး အမျိုးအစားစုံ၊ ခရမ်းချဉ်သီး
  • ကြက်သွန်နီ၊ ကြက်သွန်ဖြူ
  • မျှင်ငပိ အနည်းငယ်၊ ငရုတ်သီးစိမ်း အတောင့်များ၊ နံနံပင်
  • ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆီ၊ ဆား

ချက်ပြုတ်နည်း

အိုးထဲတွင် သေးသေးလှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ မျှင်ငပိ၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ရေအနည်းငယ်၊ မညက်တညက်ထောင်းထားသော ငရုတ်သီးစိမ်း နှင့် ခရမ်းသီးအသေးများကို လုံး၍တည်လိုက်ပါ။

ခရမ်းသီးနူးကာနီးတွင် ပုဇွန်ထည့်၍ ငရုတ်သီးစိမ်းများများ နှင့် နံနံပင်ကို အုပ်လိုက်ပါ။ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

အိမ်သီး ခရမ်းသီးလေးများနှင့်ချက်၍ အင်မတန်ချိုပါသည်။ အချိုမှုန့်သုံးရန် မလိုပါ။

MyFood Myanmar