အလှူမင်္ဂလာတွေမှာ ထမင်းဖြူ၊ အုန်းထမင်း၊ ဒံပေါက်နဲ့ ထောပတ်ထမင်းတို့က မပါမဖြစ်ဟင်းလျာတွေပါ။ ဒီလိုစားကောင်းတဲ့ ထမင်းအစုံအလင်ထဲကမှ မွှေးရနံ့သင်းသင်းနဲ့ ထောပတ်ထမင်းလေးကို အိမ်မှာပဲချက်စားကြည့်ကြမယ်။

ပါဝင်ပစ္စည်းများ

  • ဆန် (ရေစိမ်ထားပါ)
  • ကရဝေး
  • သစ်ဂျပိုး
  • ဖါလာ
  • ဥနီ (အန်စာတုံး ပုံစံလှီးပါ)
  • စပျစ်သီးခြောက် (ရေစိမ်ထားပါ)
  • သီဟိုဠ်စေ့ (ရေစိမ်ထားပါ)
  • ဖရုံယို
  • ပဲသီးအစိမ်း
  • မုန့်လုပ် ထောပတ် – ၅ ကျပ်သား
  • ဆား (အနည်းငယ်)
  • သကြား (အနည်းငယ်)

ပြုလုပ်နည်း

  1. ရေနွေး ဆူပွက်အောင် တည်ပြီး ကရဝေး၊ သစ်ဂျပိုး နှင့် ဖါလာထည့်၊ ရေစိမ်ထားသော ဆန်ထည့်ကာ ဆန်ကျက်ခါနီး ၅၅ – ၆၀ ရာခိုင်နှုန်းမှာ ထမိန်ရေ ငှဲ့သလို ဇကာစစ် သွန်ပါ ။
  2. မုန့်လုပ် ထောပတ် ၅ ကျပ်သားကို ကရဝေး ၊ သစ်ဂျပိုး တို့နဲ့ ဆီသတ်ပါ။ ထမင်းကို ရေသွန်ပြီးရင် ကိုယ်ချက်မည့် အိုးထဲ ပထမ တလွှာ ဖြန့်ခင်းပါ။
  3. အသီး အစား ထောပတ်၊ ဆား ၊ သကြား အနည်းငယ် ဖြူးပါ။ နောက်ထပ် ထမင်း၊ အသီးအနှံ ဖြူး၍ တလွှာစီ လုပ်သွားတာပါ။
  4. ပြီးရင် ဒန်အိုး စလောင်းဖုံးကို ဂျုံနဲ့ လုံအောင်ကပ်ပါ။ အောက်မီး ၁ ဆ အပေါ် မီး ၃ ဆခန့် နှင့် ချက်ပြီး ၁၀ မိနစ်ဆိုရင် ကျက်ပါပြီ။
  5. အရမ်းမအီပဲ ဆန်အချောင်းလိုက် လေးနဲ့ စားလို့အရမ်း ကောင်းပါတယ်။

Credit: Myat Thu Aung