မင်္ဂလာပါ။ ဒီတစ်ခေါက်မှာတော့ ဖက်ထုပ်ကြော်ချစ်သူများအတွက် ပုံစံဒီဇိုင်းသစ်လေးနဲ့ ချက်နည်းလေးကို ဝေမ ျှပေးချင်ပါတယ်။ ပုံမှန်ဆိုရင် ဖက်ထုပ်အစာအနေနဲ့ အသားတွေကို အသုံးပြုကြပေမယ့်လည်း ဒီတစ်ခေါက်မှာတော့ ထောပတ်သီးလေးထည့်ပြီး လုပ်စားကြည့်ရအောင်။ ဖျော်ရည်အနေနဲ့လည်း သောက်သုံးကြသလို၊ အသုပ်အနေနဲ့လည်း လုပ်စားလို့ရတဲ့ ဖက်ထုပ်ကြော်လေးက ဘယ်လိုအရသာအသစ်လေး ပေးစွမ်းမလဲဆိုတာ အခုပဲနည်းလမ်းလေးကို ကြည့်ပြီး အိမ်မှာပြန်ချက်ကြည့်ကြပါအုံးနော်။

လိုအပ်သောပစ္စည်းများ

  • ထောပတ်သီး – ၂လုံး
  • ခရမ်းချဉ်သီး – တစ်လုံး
  • ကြက်သွန်နီ – တစ်ဥ
  • ကြက်သွန်ဖြူ – သုံးလေးမွှာ
  • နံနံပင် – အနည်းငယ်
  • ဆီ
  • ဆား
  • ကြက်ဥ – တစ်လုံး
  • ဖက်ထုတ် ဂျုံပြား

ပြင်ဆင်ပြုလုပ်နည်း

  1. ထောပတ်သီးကို အတုံးသေးသေး တုံးပါ ။ ခရမ်းချည်သီး ၊ ကြက်သွန်ဖြူ /နီ ၊ နံနံပင်တွေကို သေးသေးဖြစ်အောင် စင်းထားပါ ။
  2. ပြီးရင် ထောပတ်သီး စိတ်တွေနဲ့ ရောပြီး ဆားနည်းနည်းထည့် မွှေပါ ။
  3. အဆင်သင့်ဖြစ်ရင် ဖက်ထုတ်လုပ်တဲ့ ဂျုံပြားထဲ ထည့်ပြီး ပုံမှာ ပြထားတဲ့အတိုင်း လိပ်ပါ ။ ချိစ့်ကြိုက်ရင် ထောပတ်နှစ် အပေါ်ကို ချိစ့်ခြစ်ထားတာတွေ ဖြူးပြီး လိပ်ပါ ။
  4. နှုတ်ခမ်းသားတွေ ကွာမထွက်အောင် ကြက်ဥနဲ့ ပိတ်ပါ ။ ဆီပူမှာ ထည့်ကြော်ပါ ။ ရွှေအိုရောင် သမ်းလာရင် ဆီစစ်ပြီး ကြိုက်ရာ အချဉ်ရည်နဲ့ တို့စားလို့ ရပါပြီ ။

Credit: Food Madness