ပူပြင်းလာတဲ့ နေရောင်ခြည်ဟာ အသားအရေတွေကို ပျက်စီးစေပါတယ်။ အစားအစာတွေဟာ အဲ့ဒီဖြစ်ရပ်ကနေ ကာကွယ်နိုင်တယ်ဆိုရင် အံ့သြစရာပါ။ ဒါပေမယ့် သူတို့ ကူညီနိုင်စွမ်း ရှိပါတယ်။ သူတို့မှာ သဘာ၀ အတိုင်းပါဝင်တဲ့ Antioxidant ဓာတ်ပေါင်းစုတွေ နေရောင်ခြည်ကြောင့် ဖြစ်မယ့် ပျက်စီးခြင်းတွေကို တတ်စွမ်းသလောက် ကာကွယ်ပါတယ်။

၁။ ရောင်စုံငရုတ်ပွ

Bell Peppers

အနီ၊ အဝါနဲ့ လိမ္မော်ရောင် ငရုတ်ပွသီးတွေဟာ လှပြီး အရသာ ရှိတဲ့ အသီးတွေပါ။ သူတို့မှာ ပါဝင်တဲ့ Antioxidants တွေဟာ လူ့ကိုယ်ထဲကို ဗီတာမင် အေ အဖြစ် ပြောင်းပေးပြီး အသားအရေပေါ်ကနေ အလွှာတစ်ထပ်လို ပုံစံမျိုးနဲ့ နေလောင်ခြင်းကို ကာကွယ်စေပါတယ်။

၂။ ခရမ်းချဉ်သီး အမှည့်

ခရမ်းချဉ်သီးမှာ တခြားအသီးတွေမှာ ပါဝင်တဲ့ Antioxidant တွေလည်း ပါဝင်ပြီး နေလောင်ခြင်းကို အဓိက ကာကွယ်ပေးမယ့် Lycopene တွေလည်း ပါဝင်ပါတယ်။

၃။ ဖရဲသီး

အနီရောင် ရှိတဲ့ ဖရဲသီးကတော့ နွေရာသီအတွက် ဆေးတစ်လက်ပါပဲ။ မစားဘဲ အသားပေါ် လိမ်းရင်လည်း နေလောက်ဒဏ် ကာကွယ်ပါတယ်။

၄။ အပြာရောင်နဲ့ ခရမ်းရောင် ဘယ်ရီသီး

ဘယ်ရီသီးတွေမှာ Anthocyanins လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတွေက ရောဂါတွေ ဖြစ်ပွားခြင်းကို လျော့ချပေးပြီး နေလောင်ဒဏ်ကို ခံနိုင်ဖို့ အစွမ်းတွေ ရှိပါတယ်။

၅။ နနွင်း

နနွင်းဟာ အသားအရေအတွက် ကောင်းမွန်တာ သိပြီး ဖြစ်ပါလိမ့်မယ်။ မြန်မာတွေကတော့ တကူးတက စားစရာမလိုပါဘူး။ ဟင်းချက်တဲ့ အခါ ထည့်ချက်စားလိုက်ရင်ပဲ အဆင်ပြေလှပါပြီ။ ဒီထက်ပို ထိရောက်စေချင်ရင်တော့ မနက်တိုင်း နနွင်း မန်ကျည်းစေ့ခန့် စားပေးပါ။

၆။ ငါး

ငါးမှာ အိုမီဂါ ၃ အက်ဆစ်ဓာတ်တွေ ပါဝင်ပြီး နှလုံးနဲ့ အသားအရေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် အိုမီဂါ ၃ အက်ဆစ်ပါတဲ့ ငါးကြီးဆီကို သောက်ပါ။

၇။ အစိမ်းရောင် အရွက်တွေ

အစိမ်းရောင် အရွက်တွေဟာ အရေပြားတွေအတွက် အကောင်းဆုံး သဘာဝက ပေးတဲ့ လက်ဆောင်ပါ။ Antioxidant တွေဟာ အသားအရေကို ကာကွယ်ဖို့ အတွက် အလုပ်ကောင်းကောင်း လုပ်ပေးပါလိမ့်မယ်။

၈။ ရေသောက်ပါ

တစ်နေ့ကို ရေဖန်ခွက် ၇ခွက်သောက်ပေးခြင်းဟာ အသားအရေကို ပြန်ပြီး စိုပြေစေသလို ဝိတ်ကိုလည်းထိန်းထားပြီးသား ဖြစ်ပါလိမ့်မယ်။

အဓိကကတော့ အရောင်ရှိတဲ့ အသီးအနှံတွေ စားပေးဖို့ လိုပါတယ်။

Credit: foxnews