ဝိုင်သောက်ကြမယ်ဆိုတာနဲ့ ဝိုင်ပုလင်းကို ဖွင့်ဖို့ ဖောက်တံမရှိတဲ့ အခါမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဝိုင်အဆို့ကို ဖွင့်ဖို့ နည်းလမ်းမျိုးစုံနဲ့လည်း ကြိုးစားကြဖူးတဲ့ လူတွေလည်း ရှိကြမှာပါ။ အောင်မြင်ကြသလို မအောင်မြင်ဘဲ အဆို့ဟာ တစ်စစီ ဖြစ်ပြီး ဝိုင်ပုလင်းထဲ ချသွားတတ်တာမျိုးတွေလည်း ရှိကြပါတယ်။ ဖောက်တံ အလွယ်တကူ မရှိတဲ့ နေရာ မျိုးတွေမှာ ဝက်အူလှည့်၊ ဓားပါး၊ တူနဲ့သံ တို့ကို သုံးပြီး ဖွင့်လို့ ရပါတယ်။

WINE_BEER

၁။ တူနဲ့သံ
တူတစ်ချောင်း ဒါမှမဟုတ် ပလယာ တစ်ချောင်းနဲ့ သံတစ်ချောင်း လိုပါတယ်။ သံ ဒါမှမဟုတ် စကူ တစ်ချောင်းကို ဝိုင်အဖုံးပေါ် လက်မဝက်လောက် ဝင်အောင် ရိုက်လိုက်ပါ။ ပြီးရင် လက်တစ်ဖက်က ပုလင်းကို ကိုင်ထားပြီး နောက်တစ်ဖက်နဲ့ သံကို ပြန်ဆွဲနုတ်ပါ။ တစ်ချက်တည်း ဆွဲမနုတ်ဘဲ လှည့်နုတ်ရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်။

02WINE_BEER

၂။ ကတ်ကြေး
ကတ်ကြေးတစ်ချောင်း ရှိတယ်ဆိုရင် ဝိုင်ပုလင်းကို ဖွင့်လို့ရပါပြီ။ ကတ်ကြေး အသွားတစ်ဖက်ကို အဆို့ထဲ စိုက်လိုက်ပါ။ အဆို့ကို ထွက်လာအောင် ဖြည်းဖြည်းချင်းလှည့်ပါ။ တဆင့်ချင်းစီး ပြန်ဆွဲထုတ်ပေးပါ။

0၃WINE_BEER

၃။ သော့တစ်ချောင်း
သော့တစ်ချောင်းကို ယူပြီး ပုံမှာ ပြထားတဲ့ အတိုင်း ၄၅ဒီဂရီစောင်းပြီး အဆို့ထဲမှာ စိုက်လိုက်ပါ။ သော့ကို ဖြည်းဖြည်းချင်းစီ လှည့်ပြီး ဆွဲပေးပါ။ အဆို့အပေါ် တက်လာတဲ့အထိ ဖြည်းဖြည်းချင်း လှည့်ဆွဲပါ။

Credit: Reader’s Digest