ပါဝင်ပစ္စည်းများ

  • ဘောစကိုင်းရွက်
  • ပုဇွန်ခြောက် ၂ ဇွန်း (ထမင်းစားဇွန်း)
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ပုဇွန်ငပိ ဇွန်းတဝက် (လဖက်ရည်ဇွန်း)

Source: Blazing Hot Wok

  • နံနံပင် အမြစ် ၃ ပင်
  • မကျည်းရည် ၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • ငရုတ်သီးစိမ်း အတောင့်ရှည် ၂ တောင့် (၂ ခြမ်းခွဲထားပါ)
  • ရေနွေး

ပြုလုပ်နည်း

အိုးထဲတွင် ပုဇွန်ခြောက်၊ ခရမ်းချဉ်သီး၊ ခရမ်းချဉ်သီး၊ ပုဇွန်ငပိ ၊ နံနံပင် အမြစ်တို့ကို ရေနွေးထဲတွင်ထည့်၍ မီးအေးအေးဖြင့် တည်ထားပါ။

ဟင်းအရည် ဆူလာလျင် မကျည်းရည် ၊ ငရုတ်သီးစိမ်း အတောင့်ရှည် ထည့်ပြီး တည်တားပါ။

ဟင်းအရည် ကျလာလျင် ဘောစကိုင်းရွက်များကို ခပ်ပါ။

အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

အချိုမှုန့် ၊ ကြက်သားမှုန့် လုံးဝမပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar