မျောက်ငိုသီးကိုတော့ သူ့အသီးရာသီ February, March, April လတွေမှာ မှ ရနိုင်ပြီး အစေ့ခြောက် ကတော့ ရာသီ မရွေးရနိုင်ပါတယ်။ အခု ချက်ထားတာကတော့ အစေ့ခြောက်ကို ရေနွေးတစ်ည စိမ် အခွံခွါ ချက်ထားတာပါ ။ အစေ့အခံွံနွာပြီး ရေနှင့်ပြုတ်ထားပါ ။

ပါဝင်ပစ္စည်းများ

  • မျောက်ငိုသီးအစေ့
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ခရမ်းချဉ်သီး
  • ငပိ

Monkey Cried fruit kernelsNga Pi Fruit.1

  • ပုဇွန်ခြောက်မှုန့်
  • နံနံပင်
  • ဆနွင်းမှုန့်
  • ငရုတ်သီးမှုန့်
  • ဆား

ပြင်ဆင်ပြုလုပ်နည်း်

ဆီ အနည်းငယ် နှင့် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ဆနွင်းမှုန့် ၊ ငရုတ်သီးမှုန့် ၊ ဆားအနည်းငယ်ထည့်ပြီး ဆီသတ်ပါ။ အနှစ်ရရင် ငပိထည့်ပါ။ ပုဇွန်ခြောက်မှုန့် ၊ မျောက်ငိုသီးအစေ့တွေထည့်ပြီး ရေအနည်းငယ် ထည့်ချက်ပါ ။ အားလုံးကျက်ရင်အရသာမြည်းပြီး နံနံပင်လေး အုပ်ပြီး စားလို့ရပါပြီ။

ဒညင်းသီးနဲ့ အရသာတူပြီး ဒညင်းသီးလို ကျန်းမာရေး ဆိုးကျိုးမရှိတဲ့ အတွက် ဒညင်းသီး အစားထိုးစားသုံးနိုင်ပါတယ် ။

Credit: Aye Aye Myint