ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

မေမြို့ မှို ခရုဆီကြော်

June 16, 2016

မေမြို့ မှို ခရုဆီကြော်

Share this on:

 

mushroom

 

 

ပါဝင်ပစ္စည်းများ

  • မှို  
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ခရုဆီ
  • ငရုတ်သီး (သေးသေးလှီး ထားပါ)
  • ဆီ

ပြုလုပ်နည်း

  1. မေမြို့ မှိုလေးတွေကို ဒါးနဲ့ ပြောင်အောင် ခြစ်ပါ ။ မှိုကို အမျှင်လေးတွေ ဖဲ့ထားပါ ။  ။
  2. မြေကြီးတွေ ကပ်နေတာကို သွားပွတ်တံနဲ့ ဆေးပါ ။
  3. ဂျင်းလေးတွေကို ခပ်သေးသေး စိပ်ထားပါ ။ ငရုတ်သီးကို ခပ်သေးသေး လှီးထားပါ ။
  4. ကြက်သွန်ဖြူ တချို့ ကို တောက်တောက်စင်း ၊ တချိ့ ကို ပါးပါးလှီးထားပါ ။   တောက်တောက် စင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ လှီးထားသော ဂျင်းကို ဆီသတ်ပါ ။
  5. မွှေးလာရင် မှိုထည့် ၊ အရသာ ထည့်ပြီး မွှေပေးပါ ။
  6. ရေ လုံးဝ မထည့်ဘဲ သူ့အရည်လေး ခမ်းသွားလျင် ၊ လှီးထားတဲ့ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ခရုဆီ နဲနဲထည့် မွှေပြီး အရသာ အနေတော်ဖြစ်လျှင် မီးဖိုပေါ်မှ ချလို့ ရပါပြီ ။
Credit: Ma Ohn

Review

User Rating

0 (0 Votes)