၀ယ်ရန်မလွယ်ကူသော ဒေသများတွင်သော်လည်ကောင်း ၊ အိမ်မှာ အေးဆေးလေး လုပ်စားချင်သူများ အတွက်သော်လည်ကောင်း တိုဟူး ကျိုနည်းလေး ရှယ်ပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • နနွင်းမှုန့် တစ်ဝက် (လ္ဘက်ရည်ဇွန်း )
  • ပဲစိမ်းမှုန့်၄၀၀တန် ၁ထုတ်
  • ထန်းလျှက်ခဲဖြူ ၂ခဲ
  • ရေ ရေသန့်ဗူးသေး ၁ဗူး 500ml
  • ဆား တစ်ဝက် (လ္ဘက်ရည်ဇွန်း ) နှင့်ဆီ ၁ဇွန်း (ထ္မင်းစားဇွန်း )

ပြုလုပ်နည်း

  • ရေသန့်ဗူးသေးမှရေအနည်းငယ်ဖြင့်ထန်းလျှက်၂ခဲစိမ်ထားပါ ။ ကျန်ရေဖြင့်ပဲစိမ်းမှုန့်ကိုပျော်အောင်ဖျော်ပြီး ထန်းလျှက်ရည်စစ်ထည့်ပြီးဆား ၊ ဆီ ၊ နနွင်းမှုန့်ထည့်၍ မီးဖိုတွင်ကျိုပါ။အိုးကို အဆက်မပြတ် မွှေပေးပါ ။
  • ပဲမှုန့်ရည်ပျစ်လာပြီးအစိမ်းနံ့ပျောက်လျှင်ချပြီးအအေးခံမည့်ခွက်ထဲထည့်ပြီး အအေးခံပါ ။
  • စားခါနီးမှ အတုံးလေးများ ပါးပါးလှီးပြီး ဂေါ်ဖီ ၊ ကြက်သွန်နီဆီချက် ၊ ဟင်းခတ်မှုန့် ၊ မကျည်းရည် ၊ ငံပြာရည်၊ ငရုတ်သီးမှုန့် ၊ ရှောက်ရွက်ဖြင့် ချဉ်ငံစပ်လေး သုပ်စားနိုင်ပါသည် ။

Credit: Tin Thu Zaw Win