ရာသီဥတု ပူအိုက်တဲ့အခါ ရင်ထဲအေးသွားမယ့် အစားအစာလေးကို စားချင်ကြတာတော့ မဆန်းပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာလည်း အပြင်စာမဟုတ်ဘဲ ကိုယ့်ဘာသာအိမ်မှာလုပ်စားနိုင်မယ့် ရေခဲသုပ်လုပ်နည်းလေးကို ဝေမ ျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နာနတ်ယို
  • သင်္ဘောသီးယို(အနီ ၊အစိမ်း)
  • ကျောက်ဖရုံယို
  • ဒူးရင်းသီးယို
  • မြေပဲ – မညှက်တညှက်ထောင်းပါ
  • ကျောက်ကျောအမဲ
  • ပင်ပွားစေ့ – ရေစိမ်ထားရန်
  • ဆေးကုလားမ – ရေစိမ်ထားရန်
  • သီဟိုဠ်ဆံ
  • စတော်ဘယ်ရီ
  • စပျစ်သီး – အလှဆင်ရန်
  • သကြားရည်
  • နို့ဆီ
  • နို့စိမ်း
  • ဇီးဖျော်ရည် (သို့) သစ်ခွဖျော်ရည် အပျစ်

ပြုလုပ်နည်း

  1. ဖန်ခွက် (သို့) ပန်းကန်လုံးမှာ ကျောက်ကျောအမဲ ၊ ပင်ပွားစေ့ ၊ ဆေးကုလားမတွေကို ထည့်ပါ။
  2. အပေါ်ယံ တစ်လွှာ အနေနဲ့ ကျောက်ဖရုံယို ၊ နာနတ်ယို ၊ ဒူးရင်းယို ၊ သင်္ဘောသီးယိုတွေကိုထည့်ပါ။ မြေပဲထောင်းလည်းထည့်ပါ။
  3. အမှုန့် နီးပါး ခြစ်ထားတဲ့ ရေခဲမှုန့်တွေကို ကျစ်နေအောင် ဖိသိပ်ထည့်ပါ။
  4. ပထမဆုံးသကြားရည်အနည်းငယ်လောင်းပါ။ ဒုတိယအနေနဲ့ ဇီးဖျော်ရည် (သို့) သစ်ခွရည်အပျစ်လောင်းပါ။ နောက်ဆုံးနို့ဆီ နဲ့ နို့စိမ်း လောင်းပါ။
  5. အပေါ်ဆုံးကနေ စတော် ဘယ်ရီသီး၃ -၄ ခြမ်း ၊ စပျစ်သီး ၃-၄ လုံး၊ သီဟိုဠ်ဆံ ၄-၅ ခြမ်းလောက် အလှဆင် လိုက်ရင် မြန်မာရေခဲသုပ် ရပါပြီ။

Credit: Original Uploader