ရေငတ်ခြင်းဟာ တစ်ခါတရံမှာ ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ ရေဘယ်လောက် သောက်သောက် ၀ တယ်လို့ကို မထင်မိဘဲ ခဏခဏ ရေသောက်ချင်နေတဲ့ အချိန်တွေ လူတိုင်း ကြုံဖူးကြမှာပါ။ ကိုယ်ခန္ဓာထဲမှာ ရေဓာတ်ခန်းခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပါပဲ။ အယ်ကိုဟော မှီဝဲတာ များသွားတဲ့ အခါမျိုးတွေမှာလည်း ရေဓာတ်ဟာ ခန်းခြောက်သွားတတ်ပါတယ်။

ရေဓာတ်ပြန်ပြည့်ဖို့က ထူးထူးခြားခြား စဉ်းစားနေဖို့ မလိုပါဘူး။ နေ့တိုင်း စားနေတဲ့ အစားအစာ အသီးအရွက်တွေမှာလည်း ရေဓာတ်ပြန်ဖြည့်ပေးတဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပါတယ်။ သင်တို့ရဲ့ မီးဖိုချောင်ထဲက ချက်ပြုတ်စရာ အသီးအရွက်တွေဟာ ရေဓာတ်ကို ပြန်ဖြည့်တဲ့နေရာမှာ အသုံးဝင်ပုံလေးကို သတိရလိုက်ပါ။

သခွားသီး

cucumbers

ဘယ်လို အကြောင်းအရာမျိုးနဲ့မဆို ရေဓာတ်ပြန်ဖြည့်ဖို့ လိုနေပြီဆိုရင်တော့ သခွားသီးကို စားပေးသင့်ပါတယ်။ ဒါမှမဟုတ် ဖျော်ရည်သောက်တာဖြစ်ဖြစ်ပါ။ သခွားသီးမှာ ရေဓာတ်ပါဝင်မှု များပြီး ကိုယ်ထဲက အဆိပ်တွေကိုပါ ဖယ်ထုတ်ပေးနိုင်ပါတယ်။

ဘူးသီး

အံ့သြစရာလို့ ထင်မိကြမှာပါ။ ဒါပေမယ့် ဘူးသီးမှာ ရေဓာတ် ၉၀% ပါဝင်ပါတယ်။ ကယ်လိုရီ ပါဝင်မှု နည်းပြီး ကျန်းမာရေး အကျိုးပြုတဲ့ အချက်တွေလည်း ရှိပါတယ်။

ဟင်းနုနွယ်

အစိမ်းရောင် အရွက်တွေဟာ ကိုယ်ခံအားကို ကောင်းစေပြီး အစာကို ချေဖျက်တဲ့အခါ လွယ်ကူစေပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး အလွယ်တကူ ရနိုင်တဲ့ ဟင်းနုနွယ်ကို ချက်ပြုတ်စားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ဂေါ်ဖီထုပ်

သတ္တုကြွယ်ဝပြီး ဗီတာမင်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ လတ်ဆတ်တဲ့ ဂေါ်ဖီထုပ်ပါ။ အစိမ်းရောင် ဒါမှမဟုတ် အနီရောင် ဘယ်ဂေါ်ဖီထုပ်မဆို ရေဓာတ်ပါဝင်မှု များပါတယ်။ အာဟာရဆိုင်ရာ အချက်တွေအတွက်လည်း စိုးရိမ်စရာမလိုပါဘူး။

Credit: Zeenews