အချိုပွဲ - Desserts

ရောင်စုံခြယ် တွင်းထွက် ကျောက်ကျော

July 20, 2016

ရောင်စုံခြယ် တွင်းထွက် ကျောက်ကျော

Share this on:

စူဇန်တို့ မိန်းမသား တွေတိုင်းက ကျောက်မျက် ရတနာ
ကို ကြိုက်နှစ်သက် ကြပါတယ် ။  
စူဇန် ဆိုရင် စိန် ၊ ပုလဲ ၊ ကျောက်စိမ်းကို အကြိုက်ဆုံးပါ။

စူဇန်တို့ မြန်မာပြည်ကြီးက တွင်းထွက် ကျောက်မျက် 
ရတနာ ပေါကြွယ်ဝ လှပါတယ် ။  
ဒါပေမယ့် စူဇန်တို့ တိုင်းရင်းသား မိန်းမသားတွေ 
ကျောက် မျက် ရတနာ ဆိုတာ အလှမ်း ဝေးလွန်း
လှတဲ့ အရာဖြစ်ပါတယ် ။  
တချိန်မှာ စူဇန် ဝတ်ဆင် နိုင်ရင်တောင် သွေး ၊ ချွေး ၊ အသက်ပေါင်း များစွာရင်းပြီး မှ ရလာတဲ့ ကျောက်
မျက် ရတနာကို စူဇန် ဘယ်တော့မှ ဝတ်ဆင် နိုင်မှာ
 မဟုတ်ပါဘူး ။  အလွန်ပင် ကြောက်
စရာ ကောင်းတဲ့ လူတစ်စု တွေကြောင့် တွင်းထွက်
 ကျောက်မျက် ရတနာ ပေါကြွယ်ဝ လှတဲ့ ၊ ချစ်စရာ 
ကောင်းလှတဲ့ ဒေသတွေက လောဘ ရမက်မီး နဲ့ 
လောင်ကျွမ်း နေတဲ့ လူ့ဘီလူး တွေကြောင့် ဘုရားသခင် ဖန်းဆင်းထားတဲ့ သဘာဝ ပတ်ဝန်းကျင်လေး ပျက်စီး ယိုယွင်း ခဲ့ရပါပြီ ။  မိသားစု အများကြီး ဟာလည်း သေကျေ ခဲ့ရပါပြီ ။

လူငယ်တွေ ဟာလည်း မူးယစ် ဆေးဝါး ရဲ့ သားကောင် ဖြစ်ခဲ့ရပြီ ။  အပြစ်မဲ့ ကလေးတွေလည်း မိဘမဲ့ ဖြစ်ခဲ့ရပါပြီ ။  ဒီလို အားလုံး ရင်းမှ ရလာတဲ့ ရတနာ လေးတွေ ကို
တော့ ဒီတသက်တော့ မဝတ်ဆင် လိုတော့ပါ ။  ရတနာ တွင်းထွက် ဒေသက ပြန်လည် စိုပြေ လာပြီး 
စူဇန် ချစ်ရတဲ့ တိုင်းရင်း သား မောင်နှမများ 
မျက်နှာမှာ အပြုံးပန်း လေးများ ဝေဆာပြီး 
သွေးနဲ့တူသော မျက်ရည်များ မကျသော နေ့ကို မျှော်လင့်ပြီး တိုင်းရင်းသားများ ပိုင် ဆိုင်တဲ့ တွင်းထွက် 
ကျောက်မျက် ရတနာ များကို တိုင်းရင်းသား မိန်းမသား
တိုင်း ဆင်မြန်း နိုင်မယ့်နေ့ ရက် မျှော်လင့်ရင်း 
ဆုတောင်း နေမိပါတယ် ။ အာမင် ။

ကဲ သူငယ်ချင်း တို့ရေ မျှော်လင့်တဲ့ နေ့ကို ဆုတောင်း
ရင်း နဲ့ ရောင်စုံခြယ် တွင်းထွက် ကျောက်ကျောလေး လုပ်
ကြည့် ရအောင်နော် ။

ရောင်စုံဖြယ်တွင်းထွက်ကျောက်ချော

ရောင်စုံခြယ်တွင်းထွက်ကျောက်ချော ၂

ပါဝင်ပစ္စည်းများ

  • ဂျယ်လီခဲ

  • အုန်းနို့
  • နွားနို့
  • ကျောက်ကျောမှုန့်
  • သကြား
  • ဆား

ပြုလုပ်နည်း

  1. ကျောက်ကျောမှုန့် ၂၅ ဂရမ် အထုပ် ဆိုရင် အရည် အတွက် နို့ဆီဗူး ၁၀ ဗူး ထည့်ရပါမည် ။
  2. အိုးတလုံး ထဲမှာ နို့ ၊ အုန်းနို့ များကို နို့ဆီဗူး နှင့် ချဉ်ပြီးလျှင် ၁၀ ဗူး မပြည့်ခင် ရေ ကိုပါ ချဉ်ထည့်ပါ ။ နို့ ၊ အုန်းနို့ ၊ ရေ အားလုံး စုစုပေါင်း ၁၀ ဗူး ဖြစ်ရပါမည် ။
  3. စူဇန် ကတော့ နို့ ၊ ကျောက်ကျောမှုန့် ၊ သကြား ၊ ရေ ကို အရင် ကြိုပါတယ် ။
  4. ဆူလာလျှင် အုန်းနို့ ၊ ဆား ထည့်ပါတယ် ။ ပြန်ဆူလာလျှင် မိမိနှစ်သက်ရာ ဗန်းထဲ ထည့်ပြီးလျှင် ဂျယ်လီတုံး လေးတွေကို ကြိုက်သလို ထည့်ပြီး အခဲ လုပ်ပါ ။
Credit: N&S Food House

Review

User Rating

0 (0 Votes)