ရှောက်ရွက်နုလေးတွေ ဈေးထဲ မြင်ရင် တို့စရာ အဖြစ် စားချင်စိတ်ကို ထိန်းမရအောင်ပါပဲ။ ရှောက်ရွက်ဟာ အနံ့ သင်းလှပါတယ်။ အရသာမှာ အနည်းငယ်ခါးပြီး ပူရှိန်းရှိန်း ဖြစ်ပါတယ်။

ရှောက်ရွက်ရဲ့ အသုံးဝင်ပုံ

ရှောက်ရွက်ကို အခြား အသားသုပ်တွေထဲမှာလည်း ထည့်သုပ်ပြီး စားကြပါတယ်။ အနံ့လေး သင်းတဲ့ အတွက် တော်ရုံ အသားနံ့တွေကို ဖုံးလွှမ်းသွားစေပါတယ်။ အမဲအူသုပ်၊ ဆိတ်အူသုပ်တို့မှာတော့ မပါမဖြစ်ပါပဲ။ အရွက်နုလေးတွေဟာ အစိမ်းတို့စားလို့ ကောင်းသလို ဟင်းချိုချက်သောက် ရင်လည်း ကောင်းပါတယ်။

Kaffir Lime Leaves

မြန်မာ့ဆေးကျမ်းမှာတော့ ရှောက်ရွက်ကို ပူ၊ ခါး၊ စပ်၏။ ဆီးနည်းစေပြီး ဝမ်းကိုချုပ်စေသည်။ လေကို တက်စေပြီး ချွေးထွက်စေနိုင်သည်။ သွေးတက်စေသည်။ ဝမ်းမီးကို တောက်စေသည်။ အစာကို ကြေစေနိုင်ပါသည်ဟု ဖော်ပြထားပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ရှောက်ရွက်ရဲ့အကျိုးကျေးဇူးများ

ရှောက်ရွက်ရဲ့ အခြား အာနိသင်တွေကတော့ အရိုးနဲ့ သွားကို ကောင်းမွန်စေပါတယ်။ ကလာပ်စည်းများကို ဖွံ့ဖြိုးစေနိုင်ပါတယ်။ သွေးအားနဲ့ ခွန်အားကို ဖြစ်စေပါတယ်။ လန်းဆန်းစေပြီး နှလုံးကို ကောင်းမွန်စေနိုင်ပါတယ်။ အာရုံကြောကို သန်စွမ်းစေပြီး အသားအရေကို စိုပြည်စေပါတယ်။ မျက်စိအမြင်ကို ကြည်လင်စေပြီး ကိုယ်တွင်းအားကို ကောင်းမွန်စေနိုင်ပါတယ်။