ငပိ - Ngapi | ငပိထောင်း | အထောင်း - Pounded

ရှောက်သီးဖတ် ငပိထောင်း

July 27, 2016

ရှောက်သီးဖတ် ငပိထောင်း

Share this on:

ရှောက်သီးဖတ် ငပိထောင်း နည်းလေးပါ ။ သွေးတိုး ရှိတဲ့သူလည်း စားလို့ရပါတယ် ။  ဆီမြှုပ်အောင် ထည့်ထားရင် အကြာကြီးလည်း ခံတယ် ။
အလုပ် သွားရတဲ့ သူတွေ တစ်ပတ်စာ ထောင်းထားရင် ထမင်းမြိန်မြိန် စားလို့ရတယ် ။  အဝေးက သူကို အများကြီး ထောင်းပြီး လက်ဆောင် ပေးလည်း ကိုယ့်ကိုအမြဲ ငပိထောင်းနဲ့ တွဲပြီး သတိရနေ လိမ့်မယ် ။ အရမ်း ခံတွင်းမြိန်ပါတယ် ။

ရှောက်သီးဖတ်ငပိထောင်း ၁

ပါဝင်ပစ္စည်းများ

  • ငပိကောင်းကောင်း - ၁၀ ကျပ်သား
  • ရှောက်သီးစိမ်းစိမ်း အနေတော် - ၁ လုံး (ရှောက်သီးက အဝါရောင်သန်းပြီး မှည့်နေရင် အရည်ရွှမ်းလို့ မကောင်းပါ ခါးတတ်သည်)
  • ငရုတ်သီး စပ်စပ်ကြိုက်ရင် များများ (မွှေးအောင် လှော်ထားပါ)
  • ဗမာ ကြက်သွန်ဖြူဥ - ၅ လုံး
  • အချိုမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. ငပိကို မွှေးရုံလေး မီးကင်ပါ ။ တူးသွားရင် ခါးပြီး ငပိအနံ့လည်း သိပ်မမွှေး တော့ပါ ။
  2. ငရုတ်သီးစိမ်းလည်း မွှေးအောင် လှော်ပါ ။ ကြက်သွန်ဖြူလည်း လှော်ပါ ။
  3. ငရုတ်သီး ၊ ကြက်သွန်ဖြူကို မညက်တညက်ထောင်း ပြီးရင် ငပိပါ အချိုမှုန့် အနည်းငယ် နဲ့ထောင်းပါ ။
  4. ရှောက်သီးကို အခွံခွာပြီး အဖတ်ကလေးများ မျှင်ပါ ။ ဆား အနည်းငယ် နှင့်နယ်ပြီး ငပိထဲ ထည့်ထောင်းပါ ။
  5. နှံ့ရုံ ဖွဖွလေး ထောင်းပါ ။ ရှောက်သီးဖတ်တွေ ကြေမသွားစေရ ။
  6. ပြီးရင် ဗူးလေးထဲ ထည့်ပြီး အပေါ်က ဆီမြုပ်အောင် ထည့်ထားရင် အကြာကြီး ထားစားလို့ ရပါတယ် ။
** ကျမက တခါထောင်းရင် အများကြီး ထောင်းပြီး အကြာကြီး စားပါတယ် ။ ရေခဲသေတ္တာထဲ ထားရင်ပိုကောင်းပေမယ့် ဒီအတိုင်း အခန်း အပူချိန်မှာ ဆီမြုပ်အောင် ထည့်ပြီးထားလည်း အရသာ မပြောင်းပါဘူး ။ ထမင်းမြိန် စေတာလည်း အမှန်ပါပဲနော် ။

Credit: ပန်းခရေ

Review

User Rating

4.6 (5 Votes)