နေ့လည်နေ့ခင်း အပျင်းပြေရှောက်သီးသုပ်လေးသုပ်စားကြရအောင်။

ပါဝင်ပစ္စည်း

ရှောက်သီး

ပုဇွန်ခြောက်မှုန့် – အနည်းငယ်

မြေပဲ – အနည်းငယ် ( လှော်ပြီးထောင်းထားပါ)

ကြက်သွန်နီ – ၂ လုံး (ပါးပါးလှီးထားပါ)

ငပိ – အနည်းငယ် (မီးကင်ထားပါ)

ငရုတ်သီးစိမ်း – ၃ တောင့် (ပါးပါးလှီးထားပါ)

ဆား – အနည်းငယ်

ရှောက်ရွက် – အနည်းငယ် (ပါးပါးလှီးထားပါ)

ကြက်သွန်နီ ဆီချက်

ကြက်သွန်ဖြူ

ပြုလုပ်နည်း

ရှောက်သီးကို အခွံခွာပြီး အမွှာလေးများ ခွာထားပါ။
ရှောက်သီးနှင့် သုတ်မည့် အဆာပလာများကို ပြင်ဆင်ထားပါ။
အရသာ အပေါ့အငံမြည်းရျ် ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့နှင့် တွဲဖက်စားသုံးနိုင်ပါပြီ။

MyFood Myanmar