ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို၊ ချဉ်ရည်ဟင်း စသည့် ထမင်းမြိန်ဟင်းလျာများ အဖြစ်စားလေ့ ရှိကြပါတယ်။ အသားထူတဲ့ အနီရောင် ချဉ်ပေါင်ဖူးတို့ကို ကြော်၍ သော်လည်းကောင်း၊ ချဉ်ရည်ဟင်း အဖြစ်ပါ ချက်စားနိုင်ပါတယ်။ တချို့အရပ်ဒေသ များမှာ အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။

ချဉ်ပေါင်ဖူး နှင့် ချဉ်ပေါင်ပွင့်တို့ကို ထန်းလျက် (သို့မဟုတ်) သကြားဖြင့် ယိုထိုး၍ သော်လည်းကောင်း၊ အနောက်နိုင် ငံများတွင် Jam၊ သကြားရည် အနှစ်၊ ရှာလကာရည် စသည်ဖြင့် စားသုံ ြကြပါတယ်။ ချဉ်ပေါင်ဖူးယိုက အနံ့အရသာ ပိုစူးတာကြောင့်၊ ၎င်းကို ဇီးယို ထက်ပို၍ လူကြိုက်များ ကြပါတယ်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ ဆား အနည်းငယ် တို့ဖြင့် ရောကြိုပြီး ဆူလာပါက အအေးခံ ၍ ဖျော်ရည် အဖြစ် သောက်သုံး နိုင်ပါတယ်။

ချဉ်ပေါင် နှင့် မြန်မာ့ဆေးစွမ်း

မြန်မာပြည်တွင် (က) ချဉ်ပေါင်ခါး(ခ) ချဉ်ပေါင်ဖြူ(ဂ) ချဉ်ပေါင်နီလက်ချား ဟူ၍ သုံးမျိုးရှိပါတယ်။

(က) ချဉ်၍ အနည်းငယ် ငံသော ချဉ်ပေါင်ခါးဟာ သုံးပေမှ ငါးပေ အထိမြင့်ပြီး၊ နူးညံ့သော ဆူး နှင့်အမွှေး များ ပါရှိပါတယ်။ အရွက်ပေါ်မှာ လေးခု၊ ငါးခုအကွဲ များရှိပြီး အစိပ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များ ပါ ရှိပါတယ်။ အပွင့်ကဝါ၍ အစေ့မည်းပါတယ်။

(ခ) အပူဓာတ်ရှိ၍ အချဉ်ပေ့ါသော ချဉ်ပေါင်ဖြူပင်က နှစ်ပေ မှ သုံးပေအထိမြင့်ပြီး အရွက်မှာ အစွန်း သုံးခု (သို့မဟုတ်) ငါးခုစီ ပါရှိနေပါတယ်။ အပွင့်မှာ အဖြူရောင် ဖြစ်ပြီး တစ်ပင်လုံး ဖြူဖွေးသော အမွှေးနုများပါ ရှိပါတယ်။

(ဂ) ချဉ်၍ အပူဓာတ်ရှိသော ချဉ်ပေါင် နီလက်ချားပင်က တစ်မိုက်သာသာ ခန့်မြင့်ပြီး၊ အရွက်မှာ ဥသဏ္ဍာန် ရှိ၍ အဖျားချွန်းကာ အရွက် ပါးလျ ပါတယ်။ အပွင့်ကဝိုင်း၍ ဖြူပါတယ်။ အသီးမှာ ဆီးသီးအလတ် စားအရွယ်ခန့်ရှိကာ နုစဉ် အစိမ်းရောင်ဖြစ်ပြီး၊ မှည့်လျှင်ဝါသွားတတ်ပါတယ်။

မြန်မာ့ဆေးကျမ်းများတွင်

(က) ချဉ်ပေါင်ခါးကို အစာကြေဆေး၊ နှုတ်မြိန်ဆေး၊ သွေးဝမ်း/မြင်းသ ရိုက်နာ ပျောက်ဆေး၊ ဝဖြိုး ဆေး၊ ကာမ အားတိုးဆေး၊ နားကိုက်ပျောက်ဆေး၊ လည်ချောင်းနာပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဆစ်လွဲ နာကျင် ပျောက်ဆေး၊ ဝမ်းနှုတ်ဆေး၊ သည်းခြေရောဂါ နှင့် နှာစေးချောင်းဆိုးပျောက်ဆေးအဖြစ် ဆေးဝါးများဖော်စပ်ရာတွင် သုံးလေ့ရှိပါတယ်။

(ခ) ချဉ်ပေါင်ဖြူကို ဝမ်းပျက်ခြင်း အတွက် ဆေးဖော်လေ့ ရှိကြပါတယ်။

(ဂ) ချဉ်ပေါင်နီ လက်ချားကို ဆီးရွှင်ေ ဆး၊ ရေငတ် ပျောက်ဆေး၊ နှုတ်မြိန်ခံတွင်း ကောင်းဆေး၊ သည်းခြေရောဂါ၊ မူးဝေခြင်း၊ လေနာရောဂါ၊ နူနာရောဂါ၊ အဆုတ်ရောဂါ၊ အသားအ ရေညိုခြင်း၊ သားသည်မိခင်များ နို့ရည်လိုက်ဆေး အဖြစ် ဆေး ဝါးဖော်စပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။
၉၆ ပါးသော ဝေဒနာများအတွက် အောက်ပါဆေးမြီး တိုများဖြင့်လည်း ကုသ ပျောက်ကင်းနိုင်ပါတယ်။

(၁) ချဉ်ပေါင်ခါး အပွင့် ၁၂ ပွင့်ကို သကြား ၂ပဲသားနှင့် ရောကြိတ်၍ ငရုတ်ကောင်း အနည်းငယ် ရောထည့် သောက်ပေးခြင်းဖြင့် အပူလွန်၍ အချဉ်ပြန်သော အစာမကျေခြင်း ရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။

(၂) နာကျင်ကိုင်ခဲသော ဝေဒနာများအတွက် ချဉ်ပေါင် ခါးပင်အစေ့ကို အမှုန့်ပြု၍ ထိုအမှုန့်၂-ပဲသားကို နှမ်းဆီ လ္ဘက်စားဇွန်း ၂-ဇွန်း ရောစပ်လိမ်းပေးနိင်ပါတယ်။.

(၃) ချဉ် ပေါင်နီအရွက် နှင့် ချဉ်ပေါင်သီးတို့ကို နေရိပ်မှာ အခြောက်လှမ်းပြီး၊ ရေနွေးဆူဆူမှာ သင့်ရုံထည့်၍ သကြားနှင့်ရောစပ် သောက် ပေးခြင်းဖြင့် ဆီးရောဂါ နှင့် ရေငတ် အာခြောက်ခြင်းကို သက်သာစေပါတယ်။

(၄) ချဉ်ပေါင် ခါးပင် အစေ့ကို လှော်၍အမှုန့်ပြုပါ။ ထိုအမှုန့် ၁ပဲသားကို ရေနွေးနှင့် နေ့စဉ် သောက်ပေး ပါက အစာမကြေ ဝမ်းပျက်ရောဂါကို ပျောက်ကင်းစေပါတယ်။

(၅) ဗိုက်နာပြီး အကျိ အချွဲများနှင့် ဝမ်းသွားပါက၊ ချဉ်ပေါင်ခါး (သို့မဟုတ်) ချဉ်ပေါင်ဖြူ (သို့မဟုတ်) ချဉ်ပေါင်နီ လက်ချားတို့၏ အမြစ်သွေး ရည် ၁ဇွန်းကို တစ်နေ့ ၂ ကြိမ်သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။

(၆) ချဉ်ပေါင်နီ လက်ချား အရွက်ကို ထမင်းနှင့် ရောကြိတ်ပြီး၊ ပြည်တည်နာ၊ အနာစိမ်း၊ ခွေးကိုက်နာ၊ ကြောင်ကိုက်နာ၊ အနာအို၊ အနာဆွေးများပေါ် အုံပြီး အဝတ် နှင့် စည်းထားပေးခြင်းဖြင့် အနာရင်းခြင်း၊ ငန်းမန်းလိုက်ခြင်းမရှိဘဲ အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါတယ်။

ချဉ်ပေါင် နှင့် သိပ္ပံဆေးစွမ်း

(၁) အူသိမ်၊ အူမတို့ကို ကောင်းကျိုးပြုပါတယ်။

(၂) ချဉ်ပေါင်ရွက်ထဲမှာ Hydroxy နှင့် Amino အက်ဆစ် များကြွယ်ဝစွာ ပါရှိ သောကြောင့် ဆီးအား ကောင်းစေပါတယ်။ ဆီးရွှင်၍ ဝမ်းသက်စေပါတယ်။

(၃) Vitamin C နှင့် သတ္တုဓာတ်တို့ အမြောက်အ များပါရှိသောကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း၊ ဆဲလ်များ သေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကို ကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကို နုပျိုစေခြင်း၊ ကင်ဆာ ရောဂါများ ဖြစ်နိုင်ချေ အလား အလာ နည်းပါးစေနိုင်ခြင်း၊ အဆုတ်ကို ကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေ ါ်နှာစေး ချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည် ယိုနှာပိတ်ခြင်းတို့မှလဲ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါ တယ်။

(၄) Calcium ဓာတ် အမြောက်အများ ပါရှိ သဖြင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြော အဖွဲ့အ စည်း များနှင့်ကြွက်သားများ ဖွဲ့စည်းမှုကို တိုးတက် ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်း မှကာကွယ်ပေးခြင်း၊ ခြေလက်များ တဆစ်ဆစ် နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ကိုသက်သာပျောက် ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။

(၅) ချဉ်ပေါင်ပန်းပွင့်များဟာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။

(၆) ချဉ်ပေါင်ဖူး၏ အစေ့မှ လဲ အဆီထုတ်ယူနိုင်ပါတယ်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာ အမျိုး မျိုးတို့ကို လိမ်းပေးခြင်းဖြင့်ရောင် ကိုင်းခြင်းကိုသက်သာစေပြီး၊အနာများလဲ ကျက်စေပါတယ်။

(၇) ခြေလည်ပင်း ပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့်သက်သာ ပျောက်ကင်းနိုင်ပါတယ်။

(၈) ချဉ် ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကို သက်သာေ ပျာက် ကင်းစေပါတယ်။ လူကိုလန်းဆန်းစေနိုင်ပါတယ်။

(၉) ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက် သုံးခြင်းဖြင့် အစာနင်ခြင်း နှင့် အစာမကျေခြင်းတို့ကို သက်သာ ပျောက်ကင်းစေ နိုင်ပါ တယ်။

(၁၀) ချ ဉ်ပေါင်ရွက်ကို လ္ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အေ လး ချိန်ကျစေ ပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါ အမျိုးမျိုးတို့ကိုလဲ
ဟန့်တား ကာကွယ် ပေးနိုင်ပါတယ်။

(၁၁) ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည် ကိုသောက်ေ ပးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါတယ်။

သတိပြုရန် သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ ချဉ်ပေါင်က သွေးပေါင်ချိန်တက် နိုင် ပါတယ်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည် များနှင့်လည်းမသင့်တော်ပါ။

ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့လက်တကမ်းမှာ ၁၂-လ ရာသီပတ် လုံး အလွယ်က တူရရှိနိုင် သော ချဉ်ပေါင်ရွက်တို့ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

Credit: ဆောင်းပါးရှင်…ပေါက်ပေါက်