ဟင်းလျာမှာ သုံးထားသည့် ပါဝင်ပစ္စည်းတွေအားလုံးက အချိုဓာတ်ရှိတဲ့ ရွှေဖရုံသီး၊ ပုဇွန်တို့ကို သုံးထားလို့ ဟင်းအရသာလေးက ချိုချိုလေးနဲ့ စားလို့အလွန်ကောင်းမှာပါနော်။ အနံ့လေးပိုသင်းသွားအောင် ပင်စိမ်းလေးအုပ်လိုက်တော့ ရနံ့သင်းသင်းလေးနဲ့ စားချင်စဖွယ် ဟင်းလျာလေးတစ်ပွဲကို ရရှိမှာပါ။

ပါဝင်ပစ္စည်းများ

  • ရွှေဖယုံသီး
  • ပုဇွန်
  • ပင်စိမ်းရွက်
  • ဆား
  • ဆနွင်း
  • အရသာမှုန့်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုပ်သီးထောင်း

ပြင်ဆင်ပြုလုပ်နည်း

  1. ပုဇွန်ကို ရေစင်အောင်ဆေးပြီး အခွံခွာ၍ ဆား ၊ ဆနွင်း ၊ အရသာမှုန့် တို့နှင့် နယ်ထားပါ ။
  2. ရွှေဖယုံသီးကို အတုံးလေးများ တုံးထားပါ ။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုပ်သီးထောင်းကို ဆီသတ်ပါ ။ မွှေးလာလျှင် ပုဇွန်ထည့်ပြီး ဆီပြန်တဲ့ထိ ချက်ပါ ။ ဆီပြန်လာလျှင် ရွှေဖယုံသီးထည့် ရေမြုတ်အောင်ထည့်ပြီး ရွှေဖယုံသီးနူးလျှင် အပေါ့အငံမြည်းပြီး ပင်စိမ်းအုပ်၍ စားသုံးနိုင်ပါပြီ ။

Credit: မနီ (နော်ဝေ)https://www.youtube.com/watch?v=FgbPIvpGtKI&pp=ygUObXlmb29kIG15YW5tYXI%3D