ယိုးဒယား - Thai | အချိုပွဲ - Desserts

ရွှေဖရုံသီးမုန့်

July 10, 2016

ရွှေဖရုံသီးမုန့်

Share this on:

13646945_10154601487853132_1844915589_o

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး (အခွံခွာပြီး)    ၂၂၀ ဂရမ်  (ပေါင်းထာပါ)
  • ဆန်မှုန့်   ၁၀၀ ဂရမ်
  • အုန်းနို့   ၁၀၀ ml
  • သကြား ၅၀ ဂရမ်
  • ဆား   အနည်းငယ်
  • အုန်းသီး    အနည်းငယ် ( ခြစ်ထားပါ )

ပြုလုပ်နည်း

  1. ပေါင်းထားသော  ရွှေဖရုံသီးကို အားလုံး ကြေညက်သွားအောင် ခရင်းနှင့် ခြေထားပါ ။
  2. ခြေထားသော  ရွှေဖရုံသီးအနှစ်များကို ဇလုံ တခုထဲတွင် ဆန်မှုန့် ၊ အုန်းနို့  ၊ သကြား ၊ ဆား အနည်းငယ်တို့နှင့် နှံ့စပ်အောင် နယ်ပါ ။
  3. ပြီးလျင် ပုံစံခွက်ထဲတွင် ထည့်ရ်ျ အပေါ်မှ ခြစ်ထားသော အုန်းသီးဖတ်လေးများကို ဖြူးရ်ျ ပေါင်းပါ ။
  4. ပေါင်းပြီးသား ရွှေဖရုံသီးမုန့်များကို အအေးခံထားပါ ။
  5. ပြီးလျှင် ရွှေဖရုံသီးမုန့်ခွက်များကို ရေခဲသေတ္တာထဲတွင် ထားပြီး လျှင် စားကာနီးမှ ခွက်လေးများထဲ မှ ထုပ်ပြီး သုံးဆောင်နိုင်ပါသည် ။
  6. မွှေးရ်ျ အေးနေသော ရွှေဖရုံသီးမုန့်လေးကို ကြိုက်နှစ်သက် ကြပါစေ ။
My Food Myanmar

Review

User Rating

5 (2 Votes)