အစပ်မကြိုက်တဲ့သူများအတွက် သဘာဝအတိုင်း အချိုဓာတ်ပါဝင်တဲ့ ရွှေဖရုံသီးချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး
  • ပင်စိမ်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ

  • ပုဇွန်ခြောက်
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်

ပြုလုပ်နည်း

  • ရွှေဖရုံသီးကို အခွံခွာ အနေတော်တုံးပါ။
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ဆီနဲ့ဆား အနည်းငယ်စီထည့်ပြီး ရေအည်းငယ်ထည့်၍ လုံးချက်ပါ။
  • နူးလာလျှင် အပေါ့အငံမြည်း၍ လိုတာရှိလျှင်ထည့်၍ ပင်စိမ်းအုပ်လိုက်ပါ။
  • စားရန် အဆင်သင့်ဖြစ်ပါပြီ။

Credit: Myanmar Yummy Foods