ရွှေဖရုံသီးစားခြင်းကနေ အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ရွှေဖရုံပင်ဟာ နွယ်တက်ပင်တစ်မျိုးဖြစ်ပြီး အရွက် ၊ အသီးရော၊ အစေ့ပါ စားလို့ရ့ါတယ်။ စာရေးသူငယ်ငယ်ကဆို ရွှေဖရုံသီးကို ထန်းလျက်နဲ့ ပြုတ်ပြီးစားတာ အရမ်းကြိုက်ပါတယ်။ ထန်းလျက်များများပါတဲ့ပိုင်းကို ရွေးပြီးစားရတာ၊ လုပြီးစားရတာလည်း အရသာတမျိုးပါပဲ။ ရွှေဖရုံသီးစားပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့

၁။ အမြင်အာရုံကိုကောင်းမွန်စေတယ်

Increase-your-eye-health

ရွှေဖရုံသီးမှာ ဗီတာမင် A ဓာတ်ပါဝင်ပြီး သင့်ရဲ့အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။ သင့်မျက်လုံး အမြင်အာရုံကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ရွှေဖရုံသီးမှာ များစွာပါဝင်နေပါတယ်။

၂။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

ရွှေဖရုံသီးဟာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ဗီတာမင် A, C နဲ့ E ဓာတ်ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ Antioxidant တွေလည်းများစွာပါဝင်လို့ သင့်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။

၃။ အစာချေစနစ်ကို ကောင်းမွန်စေတယ်

digestion

ရွှေဖရုံသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေတဲ့အကောင်းဆုံးအစားအစာဖြစ်ပါတယ်။ ကိုယ်စားသုံးလိုက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူမှုပိုမိုအားကောင်းစေတာကြောင့် သင့်ကို ပိုပြီးကျန်းမာစေပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေတယ်

ကယ်လိုရီအနည်းငယ်သာပါဝင်ပြီး အမျှင်ဓာတ်နဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ သင့်ကို ကိုယ်အလေးချိန်လျှော့ချဖို့ကူညီပေးပါတယ်။ ဇီဝဖြစ်စဉ်လုပ်ဆောင်မှုကို အားကောင်းစေပြီး သင့်ကို ပိုမိုကျန်းမာစေပါတယ်။ ရွှေဖရုံသီးကိုစားတာဟာ သင့်ကို အချိန်အတန်ကြာ ဗိုက်လည်ပြည့်စေပါတယ်။

၅။ ရောင်ရမ်းမှုကို သက်သာစေတယ်

natural-anti-inflammatory

ရွှေဖရုံသီးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ကုန်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ဗီတာမင် C နဲ့ E ဓာတ်တွေဟာ နှလုံးကို ကောင်းမွန်စေပါတယ်။

၆။ စွမ်းအင်တိုးတက်ကောင်းမွန်စေတယ်

ကယ်လိုရီပါဝင်မှုနည်းပြီး အားအင်ပြည့်ဝစေတဲ့ အစားအစာဖြစ်ပါတယ်။ စိတ်ပိုင်ဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပါတယ်။

၇။ သွေးဖိအားကို ထိန်းညှိပေးပါတယ်

Blood-pressure

ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A နဲ့ C ပါဝင်လို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ါတယ်။

Featured Image Source: The Home Depot