နေ့ခင်းနေ့လည် ရာသီဥတုပူအိုက်တဲ့အချိန်မှာ အေးအေးလေး သောက်နိုင်မယ့် ရွှေရင်အေး (သို့) ဖာလူဒါ

ပါဝင်ပစ္စည်းများ

  • သာကူစေ့ – ၁၀သား နှင့်သာကူချောင်း – ၁၀သား
  • ကျောက်ကျော – ၂၅ဂရမ် (၁ထုပ်) နှင့်အုန်းနို့ – 250ml (ဗူးကြီး၁ဗူး)
  • သကြား – ၅၀သားခန့် ၊ ဆား – အနည်းငယ် နှင့်Food Colour
  • မြေပဲလှော် – ၁၀သားခန့် နှင့်စပျစ်ခြောက် – ၅ကျပ်သား နှင့်ကျောက်ဖရုံယို – ၅ကျပ်သား
  • ပေသီး ၊ နို့ဆီ – ၁လုံး နှင့်နို့စိမ်း – ၁လုံး

ပြုလုပ်နည်း

ပထမဦးစွာ ရေ ၁လီတာခွဲခန့် ထည့်၍ ဆူအောင်တည်ပြီး သာကူစေ့များကို ထည့်ပြုတ်တာ အဆက်မပြတ်မွှေပေးပြီး သာကူမျက်စေ့ပျောက်သည်ထိထားကာ ရေအေးဖြင့် ဆေး၍ ဇကာနဲ့ရေစစ်ကာထားပါ။

ရေစစ်ပါက Food Colour ဖြင့် အရောင်ဆိုးထားပါ။ သာကူချောင်းကိုလဲ သာကူနည်းအတိုင်း ပြုတ်ကာ အအေးခံထားပါ။ ကျောက်ကျောကို ရေ၁လီတာခန့်ထည့်၍ မီနစ်၂၀ခန့် ကျိုကာ အအေးခံကာ လှီးဖြတ်ထားပါ။

အုန်းနို့ဗူးနှင့် သကြား၊ နို့ဆီ၊ နို့စိမ်း၊ ရေသန့် ငါးကြင်းဖန်ခွက်၁ခွက်ခန့်တို့ကို ရောဖျော်ပြီး မိမိနှစ်သက်ရာ ပန်းကန်ထဲတွင် ပါဝင်ပစ္စည်းများထည့်၍ သုံးဆောင်နိုင်ပါပြီး ။ ရေခဲမုန့် နှင့်ကြက်ဥပူတင်းကြိုက်ပါက ထည့်စားနိုင်ပါတယ်။

Credit: Thida Lay Lay