Recipes

ရွှေတောင်ခေါက်ဆွဲ

December 14, 2015

ရွှေတောင်ခေါက်ဆွဲ

Share this on:

ပါဝင်ပစ္စည်း

  • ခေါက်ဆွဲပြားသေး
  • ကြက်သား (အတုံးသေးတုံးထားပါ)
  • အုန်းသီး (ခြစ်ထားပြီးအရည်ညှစ်ထားပါ)
  • နို့စိမ်း
  • ကြက်သွန်နီ
  • ဖြူ
  • ဂျင်း
  • ငရုတ်ပုနှစ်.ငရုတ်ခွဲကြမ်း
  • ဆား
  • သကြား အနည်းငယ်
  • ဆနွင်း
  • ပဲမှုန့်အကျက်
  • နံနံပင်

ပြုလုပ်နည်း

  1. ကြက်သားကို ဂျင်းရည် အနည်းငယ် ဆား၊ သကြားနဲနဲ၊ ဆနွင်း နယ်ထားပါ။
  2. မုန့်ကြွပ်အတွက်ေ ခါက်ဆွဲကို ကြော်ထားပါ။
  3. အုန်းဆီကို ချက်ထားပါ။
  4. ငရုတ်သီးခွဲကြမ်းကို ဆီအပူ လောင်းထားပါ။
  5. ကြက်သွန်နီ၊ နံနံပင် ပါးပါး လှီးထားပါ။
  6. ဒယ်အိုးထဲတွင် ဆီထည့်ပြီး ထောင်းထားသည့် ကြက်သွန်ဖြူ၊ ငရုတ်ပုနှစ်၊ ကြက်သားအသားတို့ ထည့်ပြီး ရေထည့်တည်ပါ။
  7. ပွက်လာလျှင် နို့စိမ်းဗူး ဖေါက်ထည့်ပါ။
  8. အရသာ စိတ်ကြိုက်ပြင်ဆင်ပါ။
  9. ကြက်သွန်နီ ခြမ်းထားတာ ထည့်ရ်ျ ပွက်ပွက်ဆူလာလျှင် ကြက်သားအရည် ကျက်ပါပြီ။
  10. ဟင်းရည်အတွက် ကြက်ရိုးကို ဆား၊ ဂျင်းအနည်ငယ်ထည့် ပြုတ်ထားပါ။
  11. စားမည့် ပန်းကန်ထဲ တွင် ခေါက်ဆွဲထည့် ကြက်သားအရည်ချက်၊ ပဲမှုန့်၊ အုန်းဆီချက်၊ ငရုတ်သီးဆီချက်၊ မုန့်ကြွပ်၊ ကြက်သွန်နီပါးပါး၊ နံနံပင်ထည့်ပြီး အရသာရှိစွာ စားသုံးနိုင်ပါသည်။
  12. ကြက်ပြုတ်ရည်ကို ကြက်သွန်မြိတ် ထည့်ပြီး တွဲဖက် သုံးဆောင်နိုင်ပါသည်။
Credit: Yadana Cooking