ဘယ်အချိန်များက ရေသောက်ရန် အသင့်တော်ဆုံး အချိန်များ ဖြစ်မလဲ? (ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ ။ ရိုးရိုး သောက်ရေသန့် ကိုသာ သောက်ပါ ။)

၁ – တညတာလုံး ငြိမ်သက်နေတဲ့ ခန္ဒာကိုယ်အတွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက် အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ် ။

၂ – အစာကြေညက်စေဖို့ ထမင်း မစားခင် နာရီဝက် ကြိုတင်၍ ရေ ၁- ခွက် သောက်ပေး ရပါမယ် ။

၃ – သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေး ရပါမယ် ။

၄ – လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ည မအိပ်ခင် ရေ ၁-ခွက် သောက်ပေး ရပါမယ် ။

၅ – အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရအောင် ညဘက် တရေးနိုးတဲ့ အခါ ရေထ သောက်ပေးပါ ။

ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?

အမေရိကန် ကျန်းမာရေး သုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာ ရောဂါ ဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်း ကတော့ ထိုလူမျိုးတွေက ထမင်းစား နေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ (သို့မဟုတ်) လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့ အခါ ဟင်းလျာထဲမှာ ပါရှိတဲ့ အဆီအနှစ်တွေက (ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေး အနယ်အနှစ်များ သဖွယ် ခဲပျစ် သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာ ဖြစ်လာစေပါတယ်။ ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေး သောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ် ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာ ဗိုက်အောင့်စေပါတယ်။

ဘာကြောင့် ရေခဲရေကို မသောက်သင့်သလဲ

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ (သို့မဟုတ်) ရေနွေးဖြူ (သို့မဟုတ်) ရေနွေးကြမ်း တို့ဖြင့်သာ ထမင်းလုပ် မနင်အောင် မျှောချ ကြပါရန်နှင့်၊ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှသာ သောက်ရေအေး သောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေး သုတေသီများက Daily Health Tips (ခေါ်) အင်တာနက် သတင်းမှာ အကြံပေး ဖော်ပြ သွားခဲ့ပါတယ်။

Credit: ဆေးပညာဆိုင်ရာဆောင်းပါးများ