ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

လေ့ကျင့်ခန်း မလုပ်ခင် စားသင့်တဲ့ အစားအစာများ

August 15, 2016

လေ့ကျင့်ခန်း မလုပ်ခင် စားသင့်တဲ့ အစားအစာများ

Share this on:

အစာအိမ်ထဲ ဘာမှ မရှိဘဲ လေ့ကျင့်ခန်းတွေ သင် လုပ်မိနေပါလား ? လုပ်မိနေတယ်ဆိုရင်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆ တစ်ခုပါပဲ။ Gym အများစုရဲ့ လေ့ကျင့်ပေးသူတွေကတော့ လေ့ကျင့်ခန်းတွေ မစခင် အစာ နည်းနည်း စားဖို့ အကြံပေးကြပါတယ်။

ဟုတ်ပြီ။ ဘယ်လို အစားအစာတွေကို စားသင့်လဲ ဆိုတာကလည်း အရေးကြီးပါတယ်။

ငှက်ပျောသီး

ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးဖြစ်ပြီး ကြွက်သားတွေကို သန်မာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

ကြက်ဥ
လေ့ကျင့်ခန်း မလုပ်ချင် ကြက်ဥ တစ်လုံးလောက်တော့ စားသင့်ပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်တွေ များစွာ ပါဝင်တဲ့ အတွက် လေ့ကျင့်ခန်း လုပ်တဲ့အခါ အမောခံနိုင်ပြီး အစာအိမ်ကို မထိခိုက်စေနိုင်တော့ပါဘူး။

အုတ်ဂျုံ
အုတ်ဂျုံတွေဟာ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေကို ပေးပါတယ်။ အင်အားတွေကို တိုးပွားစေပြီး ကောင်းကောင်း ကစားနိုင်ပါတယ်။

အုန်းရည်
အုန်းရည်ဟာ ချွေးထွက်များပြီး မူးမော်တာတွေကို သက်သာစေနိုင်ပြီး ပိုတက်ဆီယမ်လည်း ပါဝင်တာကြောင့် မကစားခင် သောက်သင့်ပါတယ်။

Credit: zeenews

Review

User Rating

4.8 (5 Votes)