ဟော့ပေါ့

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သား
  • သုံးထပ်သား
  • နံရိုးနု အသားကောင်းကောင်း
  • ကြက်ခြေထောက်
  • ကြက်ရိုး
  • ငုံးဥ
  • ပဲကြာဇံ
  • ပိန်းဥ
  • ဟင်းရွက်အစုံ
  • ကြာညို့
  • ဂျုံ
  • ဝက်ခေါက်ကြော်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကုလားအော်သီး
  • သံပုရာသီး
  • ယိုးဒယား ငံပြာရည်

ပြုလုပ်ပုံ

  1. ကြက်ရိုးများကို ရေဆေးပြီး ပြုတ်ထားပါ ။
  2. ကြက်ခြေထောက်များကို ရေဆေးပြီး စတူးလုပ်ရန် ဆား၊ ကြာညို့ ၊ သကြားအနဲငယ်ဖြင့် နယ်ပြီး ရေခဲ သတ္တာထဲ ထည့်ထားပါ ။
  3. ဝက်အသားများကို စင်းပြီး ရေစိမ်ပြီး ဖြတ်ထားသော ပဲကြာဇံများဖြင့် ရောနယ်ကာ အချို အငံ ထည့်၍ လုံးထားပါ ။
  4. နံရိုးနုကို တစ်လုတ်စာ အတုံးသေးများ တုံး၍ ဂျုံမှုန့် လူးကာ ဆီပူပူတွင် မီးအေးအေးဖြင့် ရဲအောင် ကြော်ပါ ။
  5. သုံးထပ်သားကို တစ်လုတ်စာ အတုံးသေးများတုံးကာ အချို အငံ ထည့်၍ နယ်ပြီး ရေထည့်၍ ခမ်းအောင်ပြုတ်ပါ ။
  6. ဂျုံကို ရေသန့်ဖြင့် မပျစ်မကြဲ ဖျော်ထားပါ ။
  7. ပြီးလျှင် ပြုတ်ထားသော ဝက်သားများကို ဂျုံတွင်နစ်၍ တစ်တုံးချင်းဆီ ထည့်ကြော်ပါ ။
  8. ရေခဲ သတ္တာထဲမှ နယ်ထားသော ကြက်ခြေထောက်များကို ဆီပူပူတွင် ၁၀ မိနစ်ခန့် ကြော်ပြီး ဆည်ထားပါ ။
  9. ပိန်းဥကို ရေဆေး လှီးကာ ဆားဖြင့် နာရီဝက်ခန့် စိမ်ထားပါ ။
  10. ပြီးလျှင် ကြက်ပြုတ်ရေဖြင့် ပိန်းဥကို နူးအောင်ပြုတ်ပါ ။
  11. ပြင်စင်ပုံ ချက်မည့် ဟော့ပေါ့အိုးထဲသို့ ပိန်းဥများကို အရင် စီထည့်ပါ ။
  12. အသားလုံးပဲကြာဇံထည့်ပါ ။
  13. နံရိုးနုကြောင်ထည့်ပါ ။
  14. သုံးထပ်သား စဥထည့်ပါ ။
  15. ကြက်ခြေထောက်စတူးထည့်ပါ ။
  16. ငုံးဥထည့်ပါ ။
  17. အဆာပလာများကို စီရီစွာထည့်ပြီးလျှင် ကြက်ပြုတ်ရည် လောင်းထည့်ပါ။
  18. အလည်တွင် မီးသွေးမီးများထည့်၍ မိမိ စိတ်ကြိုက် သန့်စင်ထားသော ဟင်းရွက်များထည့်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ ။
အချဉ်လုပ်နည်း ဟော့ပေါ့အရည် နှင့် တွဲစားရန် အတွက် အချဉ်ရည်ကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားအော်သီး မညှက်တညှက်ထောင်းပါ ။
ပြီးလျှင် သံပုရာသီးညှစ် နှင့် ယိုးဒယား ငံပြာရည်ထည့်ပြီး စားပါ ။

Credit: Pan Pan

Review

User Rating

5 (1 Votes)