မင်္ဂလာပါ။ ချိုစိမ့်တဲ့အရသာလေးကို ကြိုက်နှစ်သက်သူများအနေနဲ့ ဒီတစ်ခါမှာ ဟင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပြောင်းဖူးကိုမှ ရိုးရိုးကြော်စားတာမဟုတ်ဘဲ နွားနို့လေးရောစပ်ကာ ကြော်စားကြည့်ကြမယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး – ၂ဖူး
  • နွားနို – ၁ခွက်(လက်ဖက်ရည်ပန်းကန်)
  • ကြက်သွန်နီ – ၁ခြမ်း
  • ဆီ(သို့)ထောပတ်ဆီ ၃ဇွန်း
  • သကြား – ၁ဇွန်း
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

  1. ပြောင်းဖူးကို အမွှေးတွေသန့်စင်အောင် ဖယ်ရှားပြီး ဓားနဲ့ပါးပါးလှီးပါ။ ဖျော်ရည်ကြိတ်စက်ထဲမှာ ရေ(သို့)နွားနို့ထည့်ပြီး မညှက်တညှက်ကြိတ်ပါ ။ ကြက်သွန်နီကို နုပ်နုပ်စဉ်းပါ ။
  2. Non-Stick Pan (မကပ်သောဒယ်အိုး) အတွင်းမှာဆီ (သို)့ ထောပတ်ဆီကို အပူပေးပါ ။ ဆီပူလာလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီကို ဆီသတ်ပါ။
  3. အနည်းငယ်နွမ်းလာလျှင် ကြိတ်ထားတဲ့ပြောင်းဖူးတွေ ထည့်ကြော်ပါ။ ဆား ၊ သကြားတို့ဖြင့် အရသာဖြည့်စွက်ပါ။ နွားနို့ တွေဟာ ပြောင်းဖူးတွေထဲ စိမ့်ဝင်စုပ်ယူသည်အထိ ကြော်ပေးပါ ။
  4. ဒီဟင်းပွဲဟာ ကလေးတွေအကြိုက်ပါ ။ သွားရည်စာပုံစံလေး စီမံထားတာကြောင့် ကလေးငယ်တွေ အကြိုက်ဖြစ်သလို လူကြီးသူမများအတွက်လည်း စားရလွယ်ပြီး အဟာရဖြစ်စေတဲ့ ဟင်းပွဲလေးတစ်ခုပါ။ သားသတ်လွတ်စားသုံးသူများ နွားနို့အစား ရေကိုအသုံးပြုပါ ။

မှတ်ချက် ။ ။ ကြက်သွန်ဖြူ မသုံးရ။

Credit: ဟင်းချက်နည်းများ