ဟင်းသီးဟင်းရွက် - Vegetables | အမဲသား - Beef | အကြော် - Fried

ကြောင်လျှာသီးနှင့် အမဲခြောက် အစပ်ကြော်

April 8, 2016

ကြောင်လျှာသီးနှင့် အမဲခြောက် အစပ်ကြော်

Share this on:

15,1

ပါဝင်ပစ္စည်းများ

  • ကြောင်လျှာသီး
  • အမဲသားခြောက်
  • ဆီ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုပ်သီးစိမ်း
  • နနွင်း
  • အရောင်တင်မှုန့်
  • ငံပြာရည်
  • ဟင်းခတ်မှုန့် (သို့) အချိုမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ကြောင်လျှာသီးကို မီးဖုတ်ပေးရပါမယ် ။   မီးဖုတ်ပြီးသာ ကြောင်လျှာသီးကို ရေဆေး၍ ပါးပါးလှီးပြီး ခပ်သေးသေး ပြန်စိပ်ထားပါ ။
  2. အမဲခြောက်ကိုလည် ရေစိမ်ပြီး ခပ်နုပ်နုပ် စဉ်းထားပါ ။   ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းတို့ကို ထောင်းထားပါ ။
  3. ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ဆီသတ်ပြီး အ၀ါရောင် ရလာသည်နှင့် ဆနွင်းနဲ့ အရောင်တင် အနည်းငယ် ထည့်ပြီး  အမဲခြောက် ထည့်ကြော်ပါ ။
  4. အမဲခြောက် ကျက်လောက်သည့် အနေထားရောက်လျှင် ကြောင်လျှာသီး ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့်  တို့ကိုထည့်၍ ဆီပြန်လာသည့်နှင့် အိုးကို ချ၍ အသင့် သုံးဆောင်နိုင် ပါသည် ။
Credit: Baby Taster

Review

User Rating

4 (1 Votes)