ကြောင်လျှာသီးနှပ်ဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ကြောင်လျှာသီး - ၂ တောင့်
  • မျှင်ငါးပိ - အနည်းငယ်
  • ကြက်သွန်ဖြူ - ၅ မြွှာ
  • ကြက်သွန်နီ - ၄ လုံး
  • ပုစွန်ခြောက်မှုန့် - ၂ ဇွန်း
  • အရောင်တင်မှုန့် - အနည်းငယ်
  • ဆီ - အနည်းငယ်

ပြင်ဆင်ပုံ

  1. ရေဆေးသန့်စင်ထားတဲ့ ကြောင်လျှာသီးကို လက်တစ်လုံးသာသာစီ အပိုင်းလေးတွေ ပိုင်းဖြတ်ပါ ။
  2. ပြီးတဲ့အခါ ဆားအနည်းငယ်နဲ့ ပွတ်ဆေးပြီး ရေစစ်ထားပါ ။
  3. ဆီအိုးတည်ပြီး ကြက်သွန်ဖြူ ၊ နီနဲ့ အရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ပါ ။ ခဏကြာမှ ငါးပိထည့်မွှေပါ ။ ငါးပိနှံ့ပြီးဆိုရင် ပုစွန်ခြောက်မှုန့် ထည့်ပါ ။
  4. လိုအပ်တဲ့အရသာအတွက် ငံပြာရည်နဲ့ ဟင်းခတ်မှုန့်အနည်းငယ် ထည့်ပါ ။ စိတ်ကြိုက် အနှစ်အနေအထား ရပြီဆိုရင် ကြောင်လျှာသီးထည့်မွှေပါ ။
  5. ရေအနည်းငယ် ထည့်ပြီး ခဏ အုပ်ထားပေးပါ ။ ရေခန်းပြီး ဆီပြန်ပြီဆိုရင် အရသာရှိတဲ့ ကြောင်လျှာသီးနှပ်ကို ချက်စားလို့ ရပါပြီ။
Credit: ဗေဒါရီ

Review

User Rating

0 (0 Votes)