ကြေးအိုး

Share this on:

ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့ ။   ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ ။  တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ် ။ အသားလုံးတဲ့ အခါမှာလည်း တရုပ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ် ။   အသားလုံးကို ငါးဖယ်ထည့် လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ ။   ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နုင်လေးနဲ့ လုံးပေးပါ ။

ပါဝင်ပစ္စည်းများ

  •  ကြက်ရိုး (သို.မဟုတ်)
  • ၀က်ရိုး အူစုံ ၊ အသည်းစုံေ
  • တောက်တောက်စင်းထားသော အသား
  •  ငုံးဥ
  • ပဲပြား
  • မုန်ညင်းစိမ်း
  • ဆန်ပြား၊ ကြာဆံ
  • ဘဲငန်းပျံ ငရုပ်ဆီ
  •  ရှာလကာရည်
  • ငရုပ်သီးစိမ်း
  •  ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန့်သုံးလိုလျှင် အချိုမှုန့်ထည့်လို့ ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန့် မထည့်ပါနဲ့၊ အရသာကို ပြောင်းသွားနိုင်လို့ပါ၊ နောက်ပြီး သကြားကို ချိန်ဆပြီးထည့်ပါ၊ အချိုလေးလေး ဖြစ်အောင် ချိန်ဆထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
***သတိပြုရန်မှာ အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ့။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

  1.  တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ
    ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
  2. မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
  3.  အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
    ( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
  4.  ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
  5. ပဲပြားကို လိုသလောက် လွာထားပါ၊
  6.  ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း –

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

  1. သီးသန့် လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
  2. တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
  3. အူစုံ အသည်းစုံထည့်၊
  4.  ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်၊
  5. ပဲပြား၊ ငုံးဥ ထည့်၊
  6. အရွက်စိမ်း နောက်ဆုံးမှ ထည့်၊
  7. ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
  8.  ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

  1. ငရုပ်သီး စိမ်း ကို ပါးပါးလှီး
  2. ရှာလကာရည် ၃ ဇွန်း
  3. သကြား  တဇွန်း
  4. ဆား  အနည်းငယ်
  5. ငံပြာရည်  အနည်းငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
  6. အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
  7. ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

Credit: ချက်ကြီးတို့မီးဖိုချောင်
min naing mg mg

Review

User Rating

3.1 (15 Votes)