ပါဝင်ပစ္စည်းများ

  • ပဲကြာဆံ
  • ထမင်း
  • ခါ့ကြက်ဥ
  • ဂေါ်ဖီ
  • အာလူး
  • မှိုခြောက်
  • ပဲပင်ပေါက်
  • ပုစွန်ခြောက်ထောင်း
  • ပဲမှုန့်
  • ငရုတ်သီးမှုန့်
  • ဆီကျက်
  • ငရုတ်ကျက်မှုန့်
  • မကျည်းရည်
  • ငံပြာရည်
  • Dashi ငါးမှုန့်
  • ကြက်သွန်ဖြူ
  • တို့ဟူးခြောက်ကြော်

ပြင်ဆင်ပြုလုပ်နည်း

  1. အာလူးကို ပြုတ်ပြိး အခွံနွှာ ပါးပါးလှီးထားပါ ။ ပဲကြာဇံ အနည်းငယ်ကို ၁၅ မိနစ်ခန့် ရေစိမ်ထားပိ ဆူနေသော ရေနွေထဲသို့ ခဏကြာထည့်ပြုတ်ပြီး ဆယ်ယူထားပါ ။ ထမင်း ၊ ပဲကြာဆံ ၊ ခါ့ကြက်ဥ ၊ ဂေါ်ဖီ  ၊ အာလူး ၊ မှိုခြောက် ၊ ပဲပင်ပေါက် နှင့် ပါဝင်ပစ္စည်းများ အားလုံး နှံ့အောင် ရောနယ်ပြီး အချို ၊ အငန်၊ အစပ် ကိုယ်ကြိုက်သလို ပြင်ဆင်၍ စားသုံးနိုင်ပါသည် ။

ကြက်သွန်ဖြူနှင့် တို့ဟူးခြောက်ကြော်လေးနဲ့တွဲပြီး ဂေါ်ဖီဟင်းခါးလေးနဲ့ဆို အရသာရှိသော ထမင်းသုပ်လေး ရပါပြီ ။

Credit: Shwe Moe Tain