Recipes | အကြော် - Fried

ပြည်ကြီးငါးကြော် (Fried Calamari)

January 1, 2016

ပြည်ကြီးငါးကြော် (Fried Calamari)

Share this on:

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး (Squid) - ၁ ကီလို
  • နို့ (Milk) - ၂၀၀ မီလီလီတာ
  • ကြက်ဥ (Eggs) - ၂ လုံး
  • ဖလာမှုန့် (Purpose Flour) - ၂၂၀ ဂရမ်
  • ပြောင်းဖူးဖလာ (Corn Starch) - ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ဆား (Salt) - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငရုပ်ကောင်းမှုန့် (Black Pepper) အနည်းငယ်

ပြုလုပ်နည်း

  1. ပထမဆုံး ပြည်ကြီးငါးကို ခေါင်းဖြုတ် အရေခွံ ချွတ်ပြီး ဝမ်းဗိုက် ထဲကို သန့်ရှင်းရေး ပြုလုပ်ကာ ရေစင်အောင် ဆေးပါ။ ရေဆေးပြီး ပါက လက်တစ်လုံး အရွယ်ခန့် အကွင်းလေးတွေ လှီးပြီး ခြောက်သွေ့နေအောင် အဝတ်စ(သို့) တစ်ရှူးစဖြင့်ရေသုတ်ထားပါ။
  2. ဇလုံ တစ်ခု ထဲတွင် ပါဝင် ပစ္စည်းများကို အချိုးအစား အတိုင်းထည့်၍ ပြည်ကြီးငါးကြော်ရန် အတွက် မုန့်နှစ်ပြု လုပ်ပါ (မပျစ် မကြဲ) လေးပြုလုပ်ရပါမည်။
  3. ထို့နောက်ခြောက်သွေ့အောင် ပြုလုပ်ထားသည့် ပြည်ကြီးငါး အကွင်းလေးများကို မုန့်နှစ်ဖြင့် လူးပြီး ဆီများများ ထည့်ထားသည့် အိုးထဲသို့ တစ်ခုချင်းစီ ထည့်၍ ကြော်ရပါမည်။
  4. ပြည်ကြီးငါး ကွင်းလေးများ ရွှေဝါရောင် သန်းလာပါက ဆယ်ယူကာ ဆီစစ်ပြီး ပုံတွင် ပြထားသည့် အတိုင်း အလှစဉ်၍ အသင့် စားသုံးနိုင် ပါသည်။
(မှတ်ချက် - Fried Calamari သည် အီတလီ အစားအစာ တစ်ခုဖြစ်ပါသည်။ )

Credit: ဇွဲသုသု

Review

User Rating

5 (1 Votes)