ကျန်းမာရေးအတွက်ဖြစ်တဲ့ အမြင်အာရုံ အတွက်ရော၊ နွေရာသီမှာ ရေသောက်နည်းပြီး ဆီးကျင်တတ်တဲ့သူတွေအတွက်ရော ခုလို ဖျော်ရည်လေး လုပ်သောက်တာကလည်း ကျန်းမာရေးနဲ့ ညီညွတ်လှပါတယ်။ စူဇန်ရဲ့ လွယ်ကူလှတဲ့နည်းကို ပြောပြမယ်နော် ။

ပါဝင်ပစ္စည်းများ

  • မြင်းခွာရွက်
  • ရေသန့်
  • ဆား – အနည်းငယ်
  • သကြား – အနည်းငယ်
  • ရေခဲတုံး

ပြုလုပ်နည်း

ဦးစွာ မြင်းခွာရွက်ကို ဆားရေ နဲ့ နာရီဝက်ခန့် စိမ်ထားပါ ။

ပြီးလျှင် ကြိတ်စက် ထဲမှာ ရေသန့် အနည်းငယ် ထည့်ပြီး ကြိတ်ပါ ။

ပြီးလျှင် အိုးထဲတွင် ကြိတ်ထားသော မြင်းခွာရွက် အရည်ရော အရွက်ကို ထည့်ပါ ။

ရေသန့် ၊ သကြား ၊ ဆား ၊ ထည့်ပြီး ကြိုပါ ။ ဆူလာလျှင် အိုးကိုချပြီး ဇကာဖြင့် အရည် များကို စစ်ပါ ။

အေးအောင် ထားပြီးလျှင် မိမိ ကြိုက်နှစ်သက် သလို အချို အပေါ့ ပြုလုပ်ပါ ။ ရေခဲတုံးလေး များထည့်ပြီး သောက်သုံးနိုင်ပါပြီ ။

Credit: N&S Food House