ဝက်လက်စတူး

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်လက်
  • ဆား
  • သကြား
  • ပဲငံပြာရည်အကြည်
  • အချိုမှုန့်
  • ခရုဆီ
  • တရုတ်မဆလာ
  • ငရုတ်ကောင်းမှုန့်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ဆီ
  • ကန်စွန်းရွက်

ပြုလုပ်နည်း

  1. ၀က်လက်ကို သေချာသန့်စင်ပါ ။
  2. ပြီးလျှင် တရုတ်မဆလာ
  3. ဆား
  4. သကြား
  5. ပဲငံပြာရည်
  6. အချိုမှုန့်နယ်ပြီး တစ်နာရီလောက် နှပ်ထားပါ ။
  7. ပြီးလျှင် ဒယ်အိုးထဲ ဆီအနည်းငယ်ထည့် သကြားအနည်းငယ် ထည့်ပြီးရဲ လာလျှင် ၀က်သား ထည့်ကြော်ပေးပါ ။
  8. အရောင်ရဲလာလျှင် ဆယ်ထားပါ။
  9. ချက်မည့်အိုးထဲကို ၀က်သားထည့် ဂျင်းထုထည့် ကြက်သွန်ဖြူ၊ ခရုဆီ၊ ရေထည့်ပြီး အခေါက် အသားနူးအိအောင်တည်ပေးပါ ။
  10. အရသာ စိတ်ကြိုက် ပြင်ဆင်ပါ ။
  11. ရေနွေးတည်ပြီး ပွက်လာလျှင် ဆား၊ ကန်စွန်းရွက် ထည့်ပြီး မွှေပါ ။ ချက်ချင်းပြန်ဆယ်ပြီး ရေအးနဲ့ ဆေးပါ။
  12. ပန်းကန်လုံးထဲတွင် ကန်စွန်းရွက် ထည့်ပါ။
  13. နူးအိအောင်ပြုတ်ထားသော ၀က်လက် စတူးထည့်ပါ ။
  14. ငရုတ်ကောင်းဖြူးပြီ သုံးဆောင်နိုင်ပါပြီ ။
အချဉ် ကြက်သွန်ဖြူထောင်း၊ ငရုတ်သီးစိမ်းပါးပါးလှီး၊ သံပုရာရည်ညှစ် ၊ ပုဇွန်ငံပြာရည်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဆားထည့်မွှေ၍ တွဲဖက်စားသုံး နိုင်ပါသည် ။

Credit: Yadana Cooking

Review

User Rating

3.7 (3 Votes)