ဝက်သားချဉ်

Share this on:

ပါဝင်ပစ္စည်းများ

  • ၀က်ပေါင်သား ၆၅ ကျပ်သား
  • ၀က်ခေါက် ၂၀ ကျပ်သား
  • ကြက်သွန်ဖြူ ၁၅ တက်
  • ဆား ၂ ဇွန်းခွဲ ( ထမင်းစားဇွန်း)
  • သကြား ဇွန်းဝက် (ထမင်းစားဇွန်း)
  • Monosodium Glutamate (အချိုမှုန့်) ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ထမင်းချက်ပြီးသား ၁ ခွက်( တရုတ်ပန်းကန်လုံး)
  • ငရုတ်သီးစိမ်း ၁၀ တောင့်( ပါးပါးလှီး)
  • ရှလကာရည် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ၀က်ပေါင်သားတွေကို ရေဆေးသန့်စင်ပြီးရင် ရေခြောက်နေအောင် ပြုလုပ်ပါ ။
  2. ထို့နောက် အသားကြိတ်စက်မှာ ညှက်နေအောင် ကြိတ်ပေးပါ ။
  3. ၀က်ခေါက်တွေကို ရှလကာရည် အဖြူရောင်ဖြင့် သန့်စင်နေအောင် ဆေးပြီး နှုးအောင် ပြုတ်ပေးပါ ။ အေးသွားလျှင် မိမိလိုအပ်တဲ့ပုံစံ ပါးပါးလှီးထားပါ ။
  4. ကြက်သွန်ဖြူကို ညှက်နေအောင် ထောင်းပြီး ငရုတ်သီးစိမ်းကို ပါးပါးလှီး (သို့) အတောင့်လိုက် ထားပါ ။
  5. ထမင်းကတော့ အနည်းငယ်စေးသော ( တောင်ကြီးဆန်မျိုး) ကို ချက်ရင် အကောင်းဆုံးပါ ။
  6. ဇလုံကြီးကြီးတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီး သမသွားအောင် နယ်ပေးပါ ။
  7. မိမိလိုချင်တဲ့ အရွယ်အစား ငှက်ပျောဖက် ၊ ပလပ်စတစ်အိတ်များမှာ ထည့်ပြီး လေမ၀င်အောင် စည်းနှောင်ပါ ။
  8. အပူချိန် ၃၀ ဒီဝရီ ( သာမန်အပူချိန်) မှ ၃ ရက်မှ ၅ ရက်ထားပေးလျှင် ၀က်သားချဉ် စားလို့ရပါပြီ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

3.1 (11 Votes)