ဝက်သား - Pork | အကြော် - Fried | ခေါက်ဆွဲ - Noodles

ဝက်အူချောင်း ခေါက်ဆွဲ နဲ့ Hot Suki Sauce ကြာ် (Chinese Sausage and Noodle with Hot Suki Sauce Stir-Fried)

July 25, 2016

ဝက်အူချောင်း ခေါက်ဆွဲ နဲ့ Hot Suki Sauce ကြာ် (Chinese Sausage and Noodle with Hot Suki Sauce Stir-Fried)

Share this on:

ဒီခေါက်ဆွဲ ကြော်က ရိုးရှင်းပါတယ် ။ ဒါပေမယ့် ကာလာ အရသာကို မျှတအောင် ထည့်ကြော်ထားပါတယ် ။

ပါဝင်ပစ္စည်းများ

  • ၀က်အူချောင်း အချို - ၂ ချောင်း (ပါးပါး လှီးထားပါ)
  • ကြက်ဥခေါက်ဆွဲ - ၃၀၀ ဂရမ် (ပြုတ်ထားပါ)
  • ငရုတ်ပွနီ - ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
  • ငရုတ်ပွစိမ်း - ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
  • ငရုတ်ပွဝါ - ၁ ခု အသေး (အစေ့ထုပ်ပြီး သေးသေးအတုံးလေးတုံးထားပါ)
  • ကြက်သွန်မြိတ် - ၂ ပင် (ပါးပါးလေးတွေ လှီးထားပါ)
  • ပဲပင်ပေါက် - ၁ ခွက်
  • ကြက်သွန်ဖြူ - ၂ တက် (နုတ်နုတ်စင်းထားပါ)
  • ပဲပြား - ၂၂၅ ဂရမ် (အံစာတုံးအရွယ်လေးတွေ တုံးထားပါ)
  • မုန်းညှင်းထုပ် - ၂ ခု (ထိပ်လှီးပြီး အရွက်တွေတစ်ရွက်ချင်းခြွေထားပါ ။ )
  • နှမ်းနက် - ၂ ဇွန်း (လက်ဖက်ဇွန်း)
  • နှမ်းဆီ - ၂ ဇွန်း (လက်ဖက်ဇွန်း)
  • နေကြာဆီ - ၃ ဇွန်း (စားပွဲဇွန်း)
  • Hot Suki ဆော့ - ၃-၄ ဇွန်း (စားပွဲဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. မကပ်သော အကြော်အိုးထဲ နေကြာဆီ ထည့်ပြီး ပူအောင်တည်ပါ ။ ဆီပူလျင် ပဲပြားတုံးများ ကို ရွှေရောင်သန်းတဲ့ အထိကြော်ပါ ။ လေးဘက်လုံး ရွှေရောင်သန်းလျင် ပုကန်တစ်ခုတည်း ဆယ်ထားပါ ။
  2. အကြော်အိုးထဲကို တို့ဟူးကြော်ထားသောဆီ နှင့် နှမ်းဆီ များကို အပူပေးပါ ။ ကြက်သွန်ဖြူ နဲ့ ၀က်အူချောင်းထည့်ပြီး ၂-၃ မိနစ်လောက်ကြော်ပါ ။
  3. ပြီးလျင် ငရုတ်ပွ တွေအားလုံးထည့်ပြီး ကြော်ပါ ။ အနည်းငယ်နွမ်းတဲ့အထိ ကြော်ပြီး မုန့်ညင်း ၊ ပဲပင်ပေါက် နှင့် တို့ဟူး များထည့်ပြီး ၃-၅ မိနစ်လောက် ထပ်ကြော်ပါ ။
  4. အကြော်အိုးထဲ ခေါက်ဆွဲထည့်ပြီး အသီးအရွက်များနှင့် နှံ့အောင်မွှေပါ ။ Hot Suki ဆော့ထည့်ပြီး အားလုံးသေချာရောပြီး အရသာများ နှံ့အောင်မွှေပေးပါ ။ ကြက်သွန်မြိတ် ရောပါ ။ အရသာမြည်းပါ ။ လိုတာထပ်ဖြည့်ပါ ။ မီးဖိုပေါ်မှချပါ ။ နှမ်းနက်ဖြူးပြီး ပူပူလေး ချက်ချင်းသုံးဆောင်ပါ ။
Credit: Syilwin Foodsgarden

Review

User Rating

5 (1 Votes)