ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကိုယ်အလေးချိန်လျှော့ချဖို့ လူတွေ ပိုပြီး ဂရုစိုက်လာကြပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားတာဟာ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ကိုယ်ကာယ လေ့ကျင့်ခန်းကိုလည်း တွဲပြီးလုပ်ပေးသင့်ပါတယ်။

ဒါ့အပြင် အဆီကိုလောင်ကျွမ်းစေနိုင်တဲ့ သဘာအစားအစာတွေကိုလည်း သိထားသင့်ပါတယ်။ ဒီတော့ ကိုယ်အလေးချိန်လျှော့ချရာမှာ ပိုလို့အသုံးဝင်တာပေါ့ရှင့်။

ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အပြင် ဆေးဖက်လည်းဝင်ပါတယ်။ ကြက်သွန်ဖြူကို တစ်ဇွန်းလောက် စားပေးတာဟာ ရောဂါပေါင်းများစွာကိုကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် နှလုံးရောဂါကိုလည်းကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ဒီတော့ ကြက်သွန်ဖြူနဲ့ ကိုယ်အလေးချိန်လျှော့ချလိုက်ကြရအောင်ပါ။

ပါဝင်ပစ္စည်း

Garlic-Drink-Featured-1

ဝိုင်နီ ၁/၂ လီတာ

ကြက်သွန်ဖြူ ၁၂ စိတ်

ပြင်ဆင်ခြင်း

9bce244a38b648afe256d52709794a6b153d5493healthy-drink-that-will-remove-the-fat-from-your-blood

ကြက်သွန်ဖြူကို အခွံနွှာပြီး အတုံးသေးသေးလေးလှီးပေးပါ။ ပြီးရင် ဖန်အိုးတစ်လုံးထဲထည့်ပြီး ဝိုင်နီထည့်ပါ။ ပြီးရင် ဖန်ကို ပိတ်လိုက်ပြီး နေရောင်ထဲမှာ ၂ ပတ်လောက်ထားပါ။ တခါတလေမှာ လှုပ်ခါပေးပါ။ ၂ ပတ်ပြည့်ပြီဆိုရင် မွှေပြီး အရည်ကို ရေဆစ်နဲဆစ်ကာ အမည်းရောင် ပုလင်းထဲ ထည့်ပေးပါ။ ပြီးရင် တစ်နေ့ကို ၃ သောက်ပေးပါ။ ဒီနည်းလမ်းတိုင်း ၆ လလောက်လုပ်ပေးပါ။

ကြက်သွန်ဖြူရဲအကျိုးကျေးဇူးကြောင့် သွေးတွင်း ကိုလက်စထရောပမာဏကိုလျှော့ကျစေမှာဖြစ်ပြီး ဝမ်းဗိုက်ကအဆီတွေကိုဖယ်ရှားပေးနိုင်ပါတယ်။

တကယ်လို့ ဝိုင်နီကိုမကြိုက်ဘူးဆိုရင် ရေကိုအစားထိုးပြီးလုပ်နိုင်ပါတယ်။