ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ် ဆိုတဲ့ ဆရာကြီး မင်းသုဝဏ်ရေးတဲ့ ကဗျာလေးကို သတိရမိပါတယ်။ မိုးတွင်းကာလဆိုရင် သပြေသီးပေါတဲ့ ရာသီပါ။ တစ်နှစ်မှ တစ်ကြိမ်ပဲ သီးပြီး နှစ်ရှည်ပင် အမျိုးအစားတစ်မျိုးပါ။ အရိပ်ကောင်းတဲ့ အတွက် တချို့နယ်တွေမှာ အရိပ်ရအောင် စိုက်ပျိုးထားကြပြီး ကျေးငှက်တွေ ပျော်စံရာ အပင်လည်း ဖြစ်ပါတယ်။

သပြေသီးပင်ကို မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ တွေ့ရပါတယ်။ အရသာချိုမြပြီး အချဉ်ဓာတ် အနည်းငယ်ရှိပါတယ်။ သူ့ရဲ့ ခရမ်းရောင်ကတော့ လက်ရော လျှာမှာပါ စွဲနေတတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အချဉ်ဖောက်ပြီး ဝိုင်အနေနဲ့ ချက်ကြသလို ဒီမှာတော့ ဒီအတိုင်း စားကြတာ များပါတယ်။ ဖျော်ရည် လုပ်သောက်ရင်လည်း ရပါတယ်။

သပြေသီးမှာ  ကစီဓာတ်၊ အမျှင်ဓာတ်၊ ရေဓာတ်၊ အဆီဓာတ်၊ အာဟာရဓာတ်ပေါင်းစု၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ နီအာစင်း၊ ဗီတာမင်ဘီ၊ ဆိုဒိယမ်၊ သီအာမင်၊ ဗီတာမင်စီတို့ ပါဝင်ပါတယ်။ သပြေသီးမှည့်ဟာ ရာသီစာတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအကျိုးတွေ ရှိတယ်ဆိုတာ သိသူနည်းလှပါတယ်။ သပြေသီးဟာ ရင်သား ကင်ဆာဝေဒနာသည်တွေ စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်တွေကို ဆက်ပြီး မပြန့်အောင် တားပေးနိုင်စွမ်းရှိပါတယ်။ သံဓာတ်ပါဝင်တဲ့အတွက် အသားအရေကို ကြည်လင်လာအောင် လုပ်ပေးနိုင်စွမ်း သပြေသီးမှာ ရှိပါတယ်။ ဝက်ခြံ၊ မှဲ့ခြောက်နဲ့ အစက်အပြောက်တွေကို သက်သာစေပါတယ်။

Jamun-fruiting

ဗီတာမင်အေနဲ့ စီဟာ ကိုယ် ခန္ဓာအတွင်းမှာ ရှိတဲ့ အစာကြေဖျက်အားကို ထောက်ပံ့ပေးပြီး ဆားနဲ့ တို့ပြီး စားပေးပါက အစာကြေလွယ်စေပါတယ်။ သပြေသီးရဲ့ အင်ဇိုင်းဓာတ်ဟာ အသည်းကို ကျန်းမာစေနိုင်ပြီး အသည်းအဆီဖုံးခြင်းနဲ့ အသည်းကြီးခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။ မ်းဗိုက် အတွင်းထဲသို့ မတော်တဆ ဆံပင်/ဆံစများ နဲ့သံမှုံ/သံစများဝင်သွားတဲ့အခါ၊ သပြေသီးစားပေးခြင်းဖြင့် ၎င်းတို့ကို သူ့အလိုလို ကျေပျက်သွားစေနိုင် ပါတယ်( မြန်မာဆေးကျမ်းများမှာ ဖော်ပြထားပါတယ်)

အင်ဆူလင်ထုတ်ပေးနိုင်တဲ့ အတွက် ဆီးချိုသမားတွေ စားသုံးသင့်ပါတယ်။ ရာသီကြောင့် လည်ချောင်းနာတာတွေ ဖြစ်ရင် သပြေသီးကို စားပေးပါ။ မျက်လုံးအားကောင်းစေတဲ့ ဗီတာမင်စီ ကြွယ်ဝတာကြောင့် သပြေသီးဟာ မျက်လုံးကို ကြည်စေပြီး တိမ်ဖြစ်စေခြင်းကို ကာကွယ်နိုင်ပါတယ်။ အထူးသတိပြုရမှာက ကိုယ်ဝန်ဆောင်သည်တွေကို လုံး၀ မစားသင့်ပါဘူး။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အတွက်ပါ။

Credit: zeenews/ ပေါက်ပေါက်