ပင်လယ်စာစားသုံးရသည်ကို ကြိုက်နှစ်သက်သူများအတွက် လွယ်ကူရိုးစင်းတဲ့ ရေခူသုပ်နည်းလေးမျှဝေချင်ပါတယ်။ အချိန်အနည်းငယ်သာပေးရပြီး အရသာမြိန်လှတဲ့ ဟင်းတခွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့အတွက် မိသားစုဝင်များနှင့်အတူ ပျော်ပျော်ရွှင်ရွှင်စားသောက်နိုင်ဖို့ မျှော်လင့်ပြီးတင်ဆက်ပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေခူ (အခြောက်) – အစိတ်သား
  • ခရမ်းချဉ်သီး – လေးလုံး
  • ကြက်သွန်နီ – သုံးဥ
  • ကြက်သွန်ဖြူ – နှစ်ကျပ်ခွဲသား

  • နံနံပင်၊ ကြက်သွန်မြိတ် – အနည်းငယ်
  • သံပုရာရည် – လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်
  • ဆား၊ သကြား – အနည်းငယ်
  • ဆီ – ငါးကျပ်သား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

ပထမဦးဆုံးရေခူကိုကျက်အောင် ပြုတ်ဖို့ရန်အတွက် ဒန်အိုးတစ်လုံးတွင် ရေထည့်၍ ဆူအောင်တည်ပါ။

ရေနွေးဆူလာလျှင် ရေခူများကိုထည့်ပြီးတစ်မိနစ်ခန့် ပြုတ်ကာပန်းကန်ထဲပြန်ဆယ်ထားပါ။

ပြီးလျှင် မထူမပါးလေးလှီးကာသုပ်မည့်ပန်းကန်ထဲတွင်ထည့်ပါ။ ခရမ်းချဉ်သီးကိုရေဆေးပြီးထက်ခြမ်းခြမ်း၍ ပါးပါးလှီး၍ရေဆေးထားရပါမယ်။

ကြက်သွန်ဖြူကိုအခွံနွှာရေဆေးပြီးမညက်တညက်ထောင်း၍ ဆီချက်ချက်ထားပါ။

နံနံပင်နှင့် ကြက်သွန်မြိတ်ကိုလည်းရေဆေးပြီးလက်တစ်ဆစ်ဖြတ်ပါ။

ရေခူသုပ်ရန်အတွက် အရန်သင့်ပြင်ဆင်ပြီးလျှင် ရေခူများလှီးပြီးထည့်ထားသည့် ပန်းကန်ထဲတွင် ကျန်ပါဝင်သောအဆာများအားလုံးနှင့် ဆီချက်၊ ဆား၊ သကြား၊ သံပုရာရည်တို့ကိုအားလုံးထည့်ကာသမအောင်နယ်ပါ။

ပြီးလျှင် အရသာမြည်းကာ အိမ်သားများစိတ်တိုင်းကျပြီဆိုပါက အရသာရှိလှတဲ့ ရေခူသုပ်တစ်ပွဲကို ရရှိပါပြီ။

အစပ်ကြိုက်သူများအနေဖြင့် ငရုတ်သီးစိမ်းထည့်စားလို့ ရပါတယ်။