ဒီတစ်ခေါက် ဖော်ပြပေးမယ့် Weight Loss Drink လေးကတော့ လွယ်ကူပြီး ရိုးရှင်းလှပါတယ်။ ဝိတ်ချတဲ့ နည်းတွေကို လိုက်ပြီး စမ်းသပ်ဖူးတဲ့ လူတွေဆီကနေလည်း ပြန်လည်ပြီး မျှဝေတဲ့ အစီအစဉ်လေး တစ်ခုလည်း လုပ်ဖို့ ရှိပါတယ်။ ဒါမှ ဘယ်နည်းမှာ ဆိုးကျိုးတွေ ရှိတယ် ဘယ်နည်းမှာတော့ အားလုံးနဲ့ အဆင်ပြေစေနိုင်မယ်ဆိုတဲ့ အချက်တွေကို အခြားလူတွေလည်း သိလာနိုင်ဖို့ အတွက်ပါ။ ဝိတ်ချတဲ့နည်းတိုင်းဟာ ကိုယ်နဲ့ အဆင်ပြေချင်မှ ပြေကြတာပါ။ အခု ဖော်ပြမယ့် နည်းကတော့ Miracle Weight Loss Drink ဆိုပြီး နာမည်ကြီးခဲ့တဲ့ နည်းလေးပါ။

parsley

လိုအပ်တဲ့ ပစ္စည်းတွေကတော့

– နံနံပင် တစ်စည်း

– သံပုရာသီး တစ်လုံး

– ရေတစ်ခွက်

ပြင်ဆင်ပုံ

နံနံပင်ကို လှီးပြီး Blender ထဲ ထည့်ကြိတ်ပါ။ Blender  မရှိရင်တော့ ပါးပါးလှီးပြီး အရည်ညှစ်ပါ။ သံပုရာသီးတ စ်လုံးကို အရည်ညှစ်ပါ။ ရေ တစ်ဖန်ခွက်ထဲကို ထည့်ပြီး ရောမွှေလိုက်ပါ။

lemon-parsley

သောက်သုံးပုံ

မနက်တိုင်း ၅ရက်ဆက်တိုက် အိမ်ယာ နိုးနိုးချင်း ဒီဖျော်ရည်ကို သောက်ရပါမယ်။ တစ်ခါလုပ်ပြီး ၁၀ရက်နားရပါမယ်။ ၅ရက်သောက် ၁၀ရက်နား ပုံစံပါ။ ဆက်တိုက် မသောက်ရပါဘူး။

မသောက်သုံးသင့်သူများ

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မသောက်သုံးသင့်ပါဘူး။ အစာအိမ်ရောဂါ ရှိသူတွေလည်း မသောက်သင့်ပါဘူး။ ကလေးငယ်တွေ မသောက်သင့်ပါဘူး။ အခြားရောဂါရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။