ခေါက်ဆွဲ - Noodle Dishes | ကြက်သား - Chicken

နို့စိမ်းခေါက်ဆွဲ

March 28, 2016

နို့စိမ်းခေါက်ဆွဲ

Share this on:

္နနို့စိမ်းခေါက်ဆွဲ.I. 2016-03-28 at 9.19.09 pm

 

ပါဝင်ပစ္စည်းများ.

  • ခေါက်ဆွဲ - ၁ ကီလို
  • ကြက် - ၁ ကောင်
  • ကြက်ဥ - ၁၀ လုံး
  • ဘဲသွေး - ၅ တုံး
  • ပဲအစိမ်းမှုံ့ - ၁ထုပ်
  • နို့စိမ်း - ၂ ဗူး
  • ဂျင်း - လက်တစ်ဆစ်ခန့်
  • ကြက်သွန်ဖြူ - ၆ မွှာ
  • ကြက်သွန်နီဥအသေး -၂၀၀ ဂရမ်
  • ရေ - 1.5 L*3 (ရေသန့်ဗူးအကြီးသုံးလုံးခန့်)
  • သကြား - အနည်းငယ်
  • ငံပြာရည် - အနည်းငယ်
  • သံပရာသီး - အနည်းငယ်
  • ငရုပ်သီးမှုန့် - အနည်းငယ်
  • မုန့်ကြွပ်ကြော် - အနည်းငယ်
  • ပဲကြော် - အနည်းငယ်
  • ကြက်သွန်နီ - အနည်းငယ်
  • ငရုပ်သီးအရောင်မှုန့် - အနည်းငယ်
  • နနွင်းမှုန့်  - အနည်းငယ်

ပြုလုပ်နည်း

  1. ပထမဆုံး ကြက်တစ်ကောင်လုံးကို အရိုး အသား သက်သပ်စီ ခုတ်ပြီး သကြားအနည်းငယ် ၊ ငံပြာရည်အနည်းငယ် ထည့်ပြီး နယ်ထားပါ ။
  2. ရေသန့်ဗူး  ၃-ဗူးစာခန့် ရေနွေးပွက်လာပါက ကြက်အရိုးများ အားလုံး ထည့်ပြီး အချိန် အတော်ကြာ ပြုတ်ထားပါ ။
  3. ကြက်ရိုး ပြုတ်ထားသည့် အချိန်တွင် ဒယ်အိုးထဲသို့ ဆီခပ် များများ ထည့်ပြီး မုန့်ကြွပ်ကြော်ကာ ဆီ စစ်ထားပါ ။
  4. ဆီလက်ကျန်ထဲသို့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ဂျင်းကို ညက်အောင် ထောင်းပြီး ဆီသတ်ပါ ။
  5. ငရုပ်သီး အရောင်မှုန့် ၊ နနွင်းမှုန့် အနည်းငယ်မျှ ထည့်ပါ ။
  6.  မွှေးလာပါက ကြက်အသားများကို ခပ်သေးသေးအရွယ် အတုံးလေးများ တုံးပြီး ထည့်လုံးပါ ။  ကြက်သားများနီပြီး မွှေးလာပါက ဒယ်အိုးကို စောင်းပြီး ဆီစစ်ထားပါ ။
  7. ကြက်ဥများကို ပြုတ်ပြီး ခပ်သေးသေးစိပ်၍ ပန်းကန်ထဲ ထည့်ထားပါ ။
  8. ပဲအစီမ်းမှုန့်ကို ရေဖြင့် ညက်နေအောင် ဖျော်ပြီး ကြက်ပြုတ်ရေအိုးထဲ ထည့်ပါ ။
  9. ကြက်သွန်နီဥ အသေးလေးများ အခွံနွှာပြီး ထည့်ပါ ။
  10. နို့စိမ်းနှစ်ဗူးကိုပါ ဖောက်ထည့်ပါ ။ (အချို့ကနို့စိမ်း ၁-ဗူးနှင့် နွားနို့ အနည်းငယ် ထည့်ကြပါသည်။) မကြာ ခဏ မွှေပေးပါ ။
  11. ဆီစစ် ထားသည့် ကြက်သားများ ထည့်ပါ ။  ဘဲသွေးကို ခပ်သေးသေး အတုံးလေးများ လှီးပြီး ထည့်ပါ ။  အပေါ့ အငံ မြည်းပါ ။  သကြား အနည်းငယ်နှင့် ဆားကိုသာ အသုံးပြုပါ ။  ငံပြာရည် အများကြီး မထည့်ရပါဘူး ။   နို့စိမ်းအနံ့ ပျက်တတ် ပါတယ် ။
  12. အရသာ အနေတော် ရှိပါက ကြက်သွန်စိမ်း ၊ မုန့်ကြွပ် ၊ ပဲကြော် ၊ သံပရာသီး ၊ ကြက်ဥပြုတ် ၊ ငရုပ်သီးမှုန့် လိုသလို ထည့်ပြီး အရသာ ရှိစွာ အသင့် စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု

Review

User Rating

3.5 (4 Votes)