အလွယ်ကူဆုံး နှင့် အမြန်ဆုံး BBQ Chicken ပြုလုပ်နည်း။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် – ၅ ခု
  • ခရမ်းချဉ်သီးဆော့ – စားပွဲတင်ပုလင်းတစ်ဝက်
  • ခရုဆီ – တစ် ဇွန်း (လက္ဘက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ – ကြိတ်ပြီးသားအနည်းငယ်

Source: pjmartinelli.co.uk

  • ငရုပ်ကောင်းမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်
  • သကြား – အနည်းငယ်
  • ဟင်းချက်ဆီ (Cooking Oil) – အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဦးစွာ ကြက်ပေါင်များကို ရေစင်အောင် ဆေးပြီး ဓားဖြင့် အနည်းငယ် မွှန်းပေးပြီး သကြား ၊ ဆား အနည်းငယ် နှင့် နယ်ထားပါ ။

ဇလုံ အလွတ် တစ်လုံး ထဲတွင် အထက်မှာ ဖော်ပြထားသော ပါဝင်ပစ္စည်းများ အားလုံးကို ရောထည့်ပြီး ၊ ဆော့ပြုလုပ်ပြီး ကြက်ပေါင်များဖြင့် ရောနှယ်၍ ၁၅-မိနစ်ခန့်နှပ်ထားပါ ။

ထို့နောက် ဒယ်အိုး တစ်လုံး ထဲသို့ထည့်ပြီး ကြက်ပေါင်များ ရေမြုပ်ရုံ ရေ အနည်းငယ် ထည့်ပြီး မီးအေးအေးဖြင့် ချက်ပေးပါ ။ ချက်နေစဉ် အပေါ့အငံ မြည်းပေး၍ လိုအပ် သလို ပြင်ပါ ။ အရမ်း နူးသွားအောင် ချက်ရန် မလိုပါ ။

ရေ တစ်ရည် ခမ်း၍ ဆီပြန်လာလျှင် မီးပိတ်ပြီး ကြက်ပေါင်များကို ဆယ်ယူပါ ။

အိုး ထဲတွင်ကျန်ခဲ့သော ဆော့သည် ကြက်သားဖြင့် တို့စားလို့ အလွန် ကောင်းပါသည် ။

ဆယ်ယူထားသော ကြက်ပေါင်များကို သံဇကာ ပေါ်တင်၍ မီးအေအေးဖြင့် တစ်ဖက်ဆီ လှည့်၍ ကင်ပေးပါ ။

ကြက်သားက တစ်ရည်ခန်းအောင် ချက်ထား၍ အတွင်းသားများ ကျက်နေပါပြီ ။ အပြင်သားများသာ ပုံမှာ ပြထားသည့် အတိုင်း ဆီ အနည်းငယ် သုပ်၍ အနံ့မွှေးလာသည် အထိ ကင်ပေးလျှင် အလွန် စားကောင်း၍ အရသာရှိသော BBQ Chicken ကိုရပါပြီ ။

ကြက်သားချက်သောအခါကကျန်သော ဆော့အနှစ်ဖြင့်တို့စားနိုင်ပါသည်။

Credit: ဇွဲသုသု