ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ ၁ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်နီ အနေတော် ၁ လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ ( ဓားပြားရိုက်ပါ)
  • မုန်လာဥနီ ၂ ဥ ( အပေါ်ယံကို ဓားဖြင့် ခြစ်ပြီး ပါးပါးလှီးပါ)
  • နံနံပင် အနည်းငယ်
  • ငရုတ်ပွသီး (အနီ) တစ်ခြမ်း (ပါးပါးလှီးပါ)
  • ကြက်ဆင်သား ၂၀ ကျပ်သား
  • လီမွန်ဖျော်ရည် ၂ဇွန်း (ထမင်းစားဇွန်း)
  • သံပရိုသီး ၁လုံး (အကွင်းလိုက် ပါးပါးလှီးပါ)
  • ဟင်းနုနယ်ရွက် တစ်စည်း၏ တစ်ဝက်ကိုသာ အသုံး ပြုပါမည် (ရေစင်အောင်ဆေးပြီး အရွက်များ အရိုးများကို သင်ထား ပါ)
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဆင်သားပြုတ်ရည်ကို လိုအပ်သလောက်

ပြင်ဆင်ပြုလုပ်နည်း

  1. ဟင်းရည်ချက်မည့်အိုးထဲသို့ သံလွင်ဆီကို ထည့်ပါ ။ ဆီပူ လာရင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူတို့ကို ထည့်ကာ ဆီ သတ်ပါ ။
  2. ပြီးနောက် မုန်လာဥနီ ၊ နံနံပင်နဲ့ ငရုတ်ပွသီး (အနီ)တို့ကို ထည့်ကာ ၁၀ မိနစ်ခန့် မွှေကြော်ပါ ။
  3. ထို့နောက် အသားပြုတ်ရည်ကို ရောထည့်လိုက်ပြီး ဆူ ပွက်အောင် ပြန်တည်ပါ ။
  4. ဆူပွက်လာရင် ပြုတ်ထားသောကြက်ဆင်သား ၊ သံပရိုကွင်း၊ လီမွန်ဖျော်ရည်တို့ကို ထည့်ကာ ၅မိနစ်ခန့်ထားပါ ။ ပြီးရင် ဟင်းနုနယ်ရွက် ၊ ဆား ၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ ။
  5. ဟင်းနုနယ်ရွက် အိပြီဆိုရင် နံနံပင်အုပ်ပေးပါ။ ဒါဆိုရင်တော့ ကြက်ဆင်သားနဲ့ လီမွန်ဟင်းရည်ကို သုံး ဆောင်လို့ရပါပြီရှင်။

Credit : သဇင်ဖြူဖြူထွေး