Uncategorized

ကြက်ပဲဆီပြုတ်ကြော်

September 12, 2016

ကြက်ပဲဆီပြုတ်ကြော်

Share this on:

ဒီကြက်ပဲဆီချက်က အရောင်အဆင်း မလှပေမဲ့ စားလို့ အင်မတန် ကောင်းတဲ့ ဟင်းတခွက် ၊ ကလေးများ အကြိုက် ။  ဒီတခါ အိမ်မှာ အာလူး အစဉ်သင့် မရှိရ်ျ မထည့်ရပါ ။  ခါတိုင်းတော့ အာလူးထည့်ချက်ပါတယ် ။

ကြက်ပဲဆီပြုတ်ကြော်

ပါဝင်ပစ္စည်းများ

  • ကြက်သား - ၅၀ ကျပ်သား (ဟင်းတုံး တုံးထားပါ)
  • ပဲငံပြာရည် အပျစ် - ၁ ဇွန်း ခွဲ (ထမင်းစားဇွန်း)
  • ပဲငံပြာရည်အကျဲ - ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငရုပ်ကောင်း - ဇွန်းဝက် (လဖက်ရည်ဇွန်းသေး)
  • ဆား - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ရေ - အနည်းငယ်

ပြုလုပ်နည်း

  1. ကြက်သားကို အညစ်အကြေး သွေးခဲများ ကုန်အောင်ရေဆေးပြီး စစ်ထားပါ ။
  2. ရေစစ်ပြီးသား ကြက်သားကို ပဲငံပြာရည် အပျစ် ၊ ပဲငံပြာရည်အကျဲ ၊ ငရုပ်ကောင်း ၊ ဆား တို့နှင့် နယ်ရ်ျ ၃၀မိနစ်ခန့် နှပ်ထားပါ ။
  3. အိုးထဲတွင် ဆီအနည်း ငယ် ထည့်ရ်ျ ဆီပူလာလျင် နှပ်ထားသော ကြက်သားကို ထည့်ရ်ျ အရောင်ပြောင်းသွားသည်အထိ ကြော်ပါ ။
  4. ကြက်သား အရောင်ပြောင်းသွားလျင် ရေအနည်းငယ်စီ ထည့်ရ်ျ နူးသည်အထိ တည်ပါ ။
  5. ရေခမ်းရ်ျ ဆီပြန်ပြီး ကြက်သား နူးလျင် အရသာ အပေါ့အငံ မြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
  6. အချိုမှုန့် ၊ အသားမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

0 (0 Votes)