ကြက်ဘူးသီးချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သား - ၂၅ ကျပ်သား (တုံးထားပါ)
  • ဘူးသီး - တစိပ် (အနေတော် တုံးထားပါ)
  • ကြက်သွန်နီ - ၁ လုံး (သေးသေးလှီးပြီး စင်းထားပါ)
  • ကြက်သွန်ဖြူ - ၅ မွှာ (တပြား ရိုက်ထားပါ)
  • နနွင်းမှုန့် - အနည်းငယ်
  • အရောင်တင်မှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ဆီ - အနည်းငယ်
  • ရေ - အနည်းငယ်
  • ငံပြာရည် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • နံနံပင်

ပြုလုပ်နည်း

  1. တုံးထားသော ကြက်သားများကို ရေစင်အောင် ဆေးရ်ျ ရေစစ်ပြီး နနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ငံပြာရည် ၊ ဆားတို့ နယ်ထားပါ ။
  2. အိုးထဲတွင် နှပ်ထားသော ကြက်သားကို ဆီ ၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့နှင့် လုံးပါ ။
  3. ကြက်သား အရောင်ပြောင်းလာလျင် ရေအနည်းငယ် ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။
  4. ဟင်းရည်ပွက်လာလျင် လှီးထားသော ဘူးသီးများထည့်ရ်ျ ညင်သာစွာ မွှေပြီး ရေနဲနဲ ထပ်ထည့်ရ်ျ တည်ပါ ။
  5. ဟင်းရည်သောက်ဆမ်းဟင်းဖြစ်ရ်ျ ရေခမ်းသည် အထိ ချက်ရန် မလိုပါ ။
  6. ကြက်သားနဲ့ ဘူးသီးနူးက အပေါ့အငံ မြည်းရ်ျ လိုအပ်သည့် အရသာများကို ထပ်မံဖြည့်စွက်ရ်ျ နံနံပင်အုပ်ပြီး ကြက်ဘူးသီးချက် ချိုချိုလေးကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

4 (8 Votes)