အသုပ် - Salad | ကြက်သား - Chicken

ကြက်ရိုး – သားသုတ်

December 29, 2015

ကြက်ရိုး – သားသုတ်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁၅ကျပ်သား
  • အသဲအမြစ် ၂တွဲ
  • ခေါင်း၊ တောင်ပံ၊ လည်ချောင်း၊ ခြေထောက် ၂ခုစီ
  • ဂေါ်ဖီ ၂ရွက်
  • သခွားသီး ၁လုံး
  • ကြက်သွန်နီ
  • ငရုတ်သီးစိမ်း ၃တောင့်
  • ရှောက်သီး၊ သံပုရာသီး လိုသလောက်
  • ပူစီနံ အနည်းငယ်
  • ရှောက်ရွက်
  • ဆား
  • ကြက်သားမှုန့်
  • မဆလာ
  • နနွင်း
  • ငံပြာရည်
  • ပဲအစိမ်းမှုန့် ၄ဇွန်း(စားပွဲတင်)
  • အုန်းနို့မှုန့် ၃ဇွန်း

ပြူလုပ်နည်း

  1. ကြက်သား နှင့် ကြက်ရိုးကို ဆေး၍ ရေစစ်ကာ ဆား၊ နနွင်း နယ်ထားပါ။
  2. အိုးတစ်လုံး ထဲတွင်ရေထည့်၍ ကြက်သား၊ ကြက်ရိုး၊ အမြစ်များကိုပြုတ်ပါ။
  3. ကြက်သားများနူးလျှင် ဖယ်ထားပြီး အသဲများကို ထည့်ပြုတ်ပါ။ အကြာကြီး မပြုတ်ရပါ။ ပြီးလျှင် အနေတော် ခုတ်ထားပါ။
  4. ဂေါ်ဖီ၊ သခွားသီး၊ ကြက်သွန်နီ၊ ရှောက်ရွက်၊ ပူစီနံ၊ ငရုတ်သီးစိမ်း တို့ကို ပါးပါးလှီး ထားပါ။
  5. အရည်အတွက်ပဲ အစိမ်းမှုန့်ကို ရေဖျော်၍ကြိုပါ။ ဆူလျှင်ကြက် ပြုတ်ရည်ပါ ရောထည့်ပါ။ ဆား၊ ကြက်သားမှုန်၊့ မဆလာ အနည်းငယ် ထည့်ပြီး ဆူအောင် ထားပါ။ ဆူပြီး ပဲနံ့ ပျောက်လျှင် အုန်းနို့မှုန့် ထည့်ပါ။ ၅မိနစ်ခန့် ကြာလျှင် ရပါပြီ။
  6. ငရုတ်ကောင်းအနည်းငယ်ထည့်ပါ၊ အုန်းနို့က ကြိုက်ရာ ထည့်ပါ။ အိမ်မှာက အုန်းနို့အမှုန့် ရှိလို့ အမှုန့်ပဲ ထည့်ထားတာပါ မတည့်တဲ့သူများ ရှိရင်လဲ မထည့်လို့ရပါတယ်။
  7. ခုတ်ထားသေား ကြက်သား၊ အရွက်၊ ငံပြာရည်ထည့်၊ ရှောက်သီး (သို့) သံပုရာသီး ညှစ်ပြီး အရည်လောင်း ထည့်ပြီးရပါပြီ။ ငရုတ်သီး အကျက်မှုန့် ကြိုက်လျှင်ထည့်ပါ။
Credit: ချက်ကြည့်ကြစို့

Review

User Rating

0 (0 Votes)