MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်များအတွက် ဒီတစ်ခါမှာ ဖော်ပြပေးချင်တာကတော့ ကြက်ရိုး ဂေါ်ရခါးသီး သောက်ဆမ်းဟင်းလေးပါပဲ။ ကြက်ရိုးအပြင်ကို ဂေါ်ရခါးသီးထည့်သွင်းချက်ထားတာဖြစ်လို့ သောက်ရတာပါးစပ်ဖျားမှာ ချိုမြိန်နေမှာပါ။

ဒါကြောင့် ထမင်းစားတဲ့အခါ ခံတွင်းမြိန်အောင်လို့ အခုပဲချက်ကြည့်လိုက်ကြပါနော်။

ပါဝင်ပစ္စည်း

  • အိမ်ကြက်ရိုး
  • ဂေါ်ရခါးသီး
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ဆီ
  • ငံပြာရည်
  • အရောင်တင်မှုန့်
  • ဆား
  • အသားမှုန့်
  • နနွင်း

ချက်ပြုတ်နည်း

သန့်စင်ထားသော ကြက်ရိုးများကို ဆား၊ အသားမှုန့်၊ ငံပြာရည်၊ နနွင်းမှုန့် တို့ဖြင့် ခဏနယ်ပြီး နှပ်ထားပါ။

ပြီးလျှင် အရောင်တင်မှုန့်၊ ကြက်သွန်ဖြူ ၊ ထောင်းထားသောဂျင်း နှင့် ဆီ အနည်းထည့်ကာ အိုးထဲတွင် ရောနယ်ပြီး လက်ဆေးရည်ထည့်ပြီး လုံးလိုက်ပါ။

လုံးရေ ခမ်းသွားလျှင် ရေနွေးအနည်း ငယ်ထပ်ထည့်ပါ။ နူးခါနီးလျှင် လှီးထားသော ဂေါ်ရခါးသီးများထည့်၍ ရေဆူလာလျှင် အပေါ့ အငံ မြည်းကာ သုံးဆောင်နိုင်ပါပြီ။